အဆိုတော်သရုပ်ဆောင် အကယ်ဒမီထွန်းထွန်းတစ်ယောက် ပြီးခဲ့တဲ့ 2018 က ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသွေးနဲ့ အတူတူရိုက်ကူးခဲ့တဲ့ " လေးပါ့ကျော့ရှိန် ဝရဇိန် " ဇာတ်ကားရိုက်ကူးစဉ်က အမှတ်တရတွေကို ချပြလိုက်တာပဲဖြစ်ပါတယ်။ တကယ်ကိုလွမ်းဆွတ်ဖွယ်အတိတ်တွေပါပဲ။ အတူတူရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတွေက အရင်ကအကြောင်းတွေကို ပြန်တွေးပြီး စိတ်မကောင်းဖြစ်စဖွယ်ပါပဲ။ ဒီဇာတ်ကားလေးဟာ မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်ပြီး တကယ့်ကိုအကြမ်းစားဇာတ်ကားတစ်ကားပါပဲ။

ဒီဇာတ်ကားထဲမှာ အဓိကပါဝင်သူတွေကတော့ အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီထွန်းထွန်း၊ မင်းသွေးနဲ့ စည်ဖြိုး တို့ပဲဖြစ်ပါတယ်။ လေးယောက်သားက ကြမ်းပေ့ မိုက်ပေ့ဆိုတဲ့ ဇာတ်ကောင်တွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အရမ်းကိုသံယောဇဉ်ကြီးတဲ့ သူငယ်ချင်းလေးယောက်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ တကယ့်ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။

ဒီလိုဇာတ်ကားရိုက်ကူးခဲ့တဲ့ အမှတ်တရ မှတ်တမ်းတွေကို အဆိုတော် သရုပ်ဆောင် အကယ်ဒမီထွန်းထွန်းတစ်ယောက် အပိုင်းလေးတွေခွဲပြီး တင်ထားတာ အခုဆိုရင် အပိုင်း ၃ ပိုင်းရှိနေပြီဖြစ်ပြီး တကယ့်ကိုခက်ခက်ခဲခဲ သွားရောက်ရိုက်ကူးခဲ့ရတယ်ဆိုတာ ဒီ Video အတိုလေးတွေထဲမှာ ပေါ်လွင်နေတာမို့ ရုံတင်ပြသတဲ့ရက်မှာလည်း ပရိသတ်ကြီးက သွားရောက်အားပေးလိုက်ပါဦးနော်။

Photo - Htin Aung Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။