Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေဝင်းကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတဲ့ Hip Hop အဆိုတော်တစ်ဦး ဖြစ်ပါတယ် ။ သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးစပ်ရင်း အောင်မြင်နေတဲ့ နေဝင်းက လက်ရှိမှာလည်း ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် နေဝင်းက အရမ်းကို ချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေးကိုလည်း ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။

နေဝင်းရဲ့ ချစ်သူလေးကတော့ Travel Kueen ဆိုတဲ့ Page လေးကို တည်ထောင်ထားတဲ့ Travel Blogger တစ်ယောက်ပဲ ဖြစ်ပါတယ် ။ မကြာခဏ ခရီးသွားလေ့ရှိကြတဲ့ နေဝင်းတို့ ချစ်သူနှစ်ဦးက အခုလည်း နောင်ချိုမှာရှိတဲ့ တိမ်ပင်လယ်ကြီးဆီ အရောက်သွားခဲ့ကြပါတယ်။ ညဆို ကြယ်ပင်လယ်ကြီးအောက်မှာ အိပ်ပြီး မနက်ဆို တိမ်ပင်လယ်ပေါ်မှာ နိုးထလာရတဲ့ ကောင်းကင်ဘုံလို နေရာလေးကို သူတို့စုံတွဲလေးက သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။

အိပ်မက်ဆန်တဲ့ ဒီခရီးစဉ်လေးမှာတော့ နေဝင်းတို့စုံတွဲလေးက အရမ်းကို Romantic ဆန်တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ ဒီဗီဒီယိုဖိုင်လေးမှာတော့ သူတို့ချစ်သူနှစ်ဦးက ပရိသတ်တွေကို ကြည်နူးအားကျလို့ မဆုံးနိုင်အောင်ဖြစ်စေခဲ့တာကြောင့် ခဏလေးအတွင်းမှာတင် ကြည့်ရှုသူ အများအပြား ရရှိခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေဝင်းတို့စုံတွဲရဲ့ တိမ်ပင်လယ်ကြီးဆီ သွားရောက်ခဲ့တဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Travel Kueen;

photo & video: credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။