ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အနုပညာအလုပ်တွေကို သူမဆယ်ကျော်သက်အရွယ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဖြူဖွေးနုဖတ်တဲ့သူမအသားအရည်လေးနဲ့အပြစ်ပြောစရာမရှိတဲ့အလှအပတို့ကြောင့် ပရတ်သတ်တွေကြားရေပန်းစားခဲ့ပါတယ်။ဝတ်မှုံရွှေရည်ကို ချစ်စနိုးနဲ့ ကစ်လို့ခေါ်ကြပြီး သူမကလူချစ်လူခင်လည်းပေါများပါတယ်နော်။

ဝတ်မှုံရွှေရည်က အခုဆိုရင် အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပြီးသူမရိုက်ကူးတဲ့ဇာတ်ကားမှန်သမျှဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးကြည့်ရှု့နှုန်းများပါတယ်။ကစ်လေးဟာ အသက်၃၀အရွယ်ရောက်နေတဲ့ မိန်းမပျိုလေးဖြစ်ပေမယ့် ဆယ်ကျော်သက်လေးတွေလိုနုဖတ်ပျိုမျစ်တဲ့အလှအပတွေက အသက်တစ်နှစ်ကြီးလာလေ ပိုလှလာလေဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က အနုပညာအလုပ်တွေကိုလည်း ပရိတ်သတ်အတွက် အသစ်အသစ်တွေဖန်တီးပေးနေသလိုပိုကောင်းတဲ့အိုင်တင်တွေနဲ့လည်း သရုပ်ဆောင်ချက်တွေကမိုက်နေဆဲဖြစ်လို့အကယ်ဒမီဆုတွေကိုလည်းဆွတ်ခူးရရှိထားပါတယ်နော်။ဝတ်မှုံရွှေရည်က အားလပ်ရက်လေးတွေမှာလည်း ခရီးတွေထွက်ကာအပန်းဖြေတတ်ပါသေးတယ်။အခုဆိုရင် ဝတ်မှုံရွှေရည်ကပူတာအိုမြို့ကိုရောက်ရှိနေပြီး ဒေသခံတွေရဲ့ ရိုးသားမှုဖော်ရွေမှုတွေကြောင့် အေးချမ်းတဲ့အရသာလေးကို ခံစားနေရလို့ ကစ်တစ်ယောက်ကတော့ အရမ်းပျော်ရွှင်နေပါတယ်နော်။

Source:Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။