ပရိသတ်တွေကို အနုပညာလောကမှာ ဝါသနာကြီးစွာနဲ့ ဟာသပြက်လုံး၊ဟာသဇာတ်လမ်းတွေနဲ့ နှစ်ထမ်းကြာအလုပ်အကျွေးပြုခဲ့တဲ့ လူရွှင်တော်၊သရုပ်ဆောင် ဦးကင်းကောင်ကတော့ ယနေ့ ဇန်နဝါရီလ(၂၂)ရက်၊ အဂါင်္နေ့ မနက်(၇)နာရီအချိန် ပုပ္ပါးမှာ ရုပ်ရှင်ရိုက်ကူးနေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့ရပြီဖြစ်ပါတယ်။

တကယ့်ကို မယုံနိုင်စရာသတင်း ဖြစ်ပေမဲ့လည်း လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဦးဖိုးဖြူ (ဟာသလူရွှင်တော်)ကပါ သူ့ရဲ့ Facebook စာမျက်နာမှာ"အချစ်ဆုံးရဲဘော်ရဲဘက်ကြီးသွားနှင့်တော့ကွာကောင်းရာဘုံဘဝမှာပြန်ဆုံကြတာပေါ့၂၂/ ၁ /၂၀၁၉ နံနက် ၇ နာရီ" ဝမ်းနည်းစရာဆိုထားတာကြောင့် လူ့လောကကနေ ရုတ်တရက် ထွက်ခွာသွားရပြီဆိုတာ အမှန်တကယ်ပင်ဖြစ်ပါတယ်။

လက်ရှိ အသက်(၅၅)နှစ်မှာ ရုတ်တရက် ကွယ်လွန်သွားရခဲ့တဲ့ ဦးကင်းကောင်ဟာ အစာပြွန်ခွဲစိတ်မှုတစ်ခုကို လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်ကတည်းက ပြုလုပ်ခဲ့ရပြီး ရာသက်ပန် အရက်ဖြတ်ထားရသူလည်း ဖြစ်ပါတယ်။ ပုပ္ပါးမှာ ရုပ်ရှင်ရိုက်ကူးနေရင်း ရင်ကျပ်ကာ ရုတ်တရက်ကွယ်လွန်ခဲ့ရပြီး ရုပ်အလောင်းကို ရန်ကုန် ပြန်သယ်ဖို့ ကြိုးစားနေကြကြောင်း ကြားသိရသလို ဦးကင်းကောင်တစ်ယောက် ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။

source: Po phyu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။