မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ဂျူဂျူးကေကတော့ တယောတူရိယာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူလေးဖြစ်ပြီး ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးအောင်မြင်နေသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့မှာ ဂျူဂျူးကေက သူမရဲ့ ချစ်သူနဲ့ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel မှာ လက်ထပ်ထိမ်းမြား မင်္ဂလာပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ ဂျူဂျူးကေက ချစ်သူနဲ့ Pre Wedding ပုံလေးတွေ ရိုက်ကူးပြီး မင်္ဂလာဆောင်တော့မယ့်အကြောင်းကို ပရိသတ်တွေကို စတင်အသိပေးခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဂျူဂျူးကေတို့စုံတွဲလေးက အနောက်ပိုင်းခရိုင် တရားရုံးမှာ လက်မှတ်ရေးထိုး မင်္ဂလာပွဲကို ပြုလုပ်ခဲ့ပါတယ်။ အခုတော့ ဂျူဂျူးကေနဲ့ ကိုစိုးမြတ်နွယ်က လူသိရှင်ကြားအနေနဲ့ လက်ထပ်မင်္ဂလာဧည့်ခံပွဲကြီးကို ပြီးခဲ့တဲ့ပိတ်ရက်မှာ ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။

အနုပညာရှင်ပေါင်းများစွာနဲ့ ဆွေမျိုးမိတ်ဆွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြတဲ့ ဂျူဂျူးကေတို့ မင်္ဂလာပွဲလေးကတော့ အရမ်းကို ကျက်သရေမင်္ဂလာအပြည့်နဲ့ ကြည်နူးစရာကောင်းခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဂျူဂျူးကေက ဟန်းနီးမွန်းခရီးတောင် မထွက်ဘဲ ရိုက်ကွင်းမှာ အလုပ်တွေ ကြိုးစားနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဂျူဂျူးကေရဲ့ လက်ထပ်မင်္ဂလာပွဲက အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ju Jue K & Aroma Zulu Wedding Studio ;

photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။