ပြေတီဦးတို့ဇနီးမောင်နှံကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ် ။ ဦးတီတို့စုံတွဲလေးက အများကအားကျရလောက်အောင် သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတဲ့အပြင် အနုပညာလောကမှာလည်း အောင်မြင်မှုသရဖူတွေကို ဆောင်းထားနိုင်ပါသေးတယ်။  

ပြေတီဦးတို့ဇနီးမောင်နှံလေးကတော့ ထပ်ဆင့်အကယ်ဒမီတွေကို ရယူနိုင်တဲ့ သူတို့ဇနီးမောင်နှံက လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရပါတယ်။ဦးတီနဲ့ အူဝဲတို့ကတော့ အောင်မြင်နေတဲ့ အနပညာရှင်တွေဖြစ်ပေမဲ့လဲ မိသားစုကိုအချိန်ပေးကာ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။  

ယနေ့မှာတော့ ဦးတီ နဲ့ အူဝဲတို့ ဇနီးမောင်နှံဟာ ရွှေလက်ကိုခိုင်ခိုင်တွဲပြီး လိုက်ဖက်ညီစွာနဲ့ အဓိပတိလမ်းက နဂ္ဂတစ်များရုပ်ရှင်ဇာတ်ကားကြီးPress Showကိုတတ်ရောက်ခဲ့ပါတယ်။ အဓိပတိလမ်းက နဂ္ဂတစ်များရုပ်ရှင်ဇာတ်ကားကြီး ဟာ ၂၅ရက်နေ့ ရုံတင်တော့မှာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဦးတီ နဲ့ အူဝဲတို့ရဲ့ ကြည်နူးစရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: အဓိပတိလမ်းက နဂ္ဂတစ်များရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။