ချစ်ပရိတ်သတ်ကြီးရေ... လတ်တလောမှာ ပုရိသပရိတ်သတ်တွေ ကြားမှာအရမ်းကိုရေပန်းစားနေတဲ့ Sexy Modelမလေးတစ်ယောက်ဖြစ်တဲ့ မိုးမြင့်သဇင်ကို ပရိတ်သတ်ကြီးလည်းသိမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကကနေ ခေတ္တဝေးကွာသွားခဲ့ပေမယ့် အခုအချိန်မှာတော့ လုံးဝကိုမတူညီ တဲ့ပုံစံလေးနဲ့ ပရိတ်သတ်တွေရှေ့ကို ရောက်ရှိလာခဲ့ပါတယ်နော်။

သူမရဲ့အမိုက်စား ခန္တာကိုယ်လေးနဲ့ ဘာဘီရုပ်လေးအလားချစ်ဖို့ကောင်းတဲ့ သူမဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်းအခိုင်အမာ ရရှိထားခဲ့သူလေးတစ်ယောက်ပါပဲနော်။ ရယ်လိုက်ရင် မျက်လုံးလေးမှေးမှေးသွားတတ်ပြီး နိုင်ငံခြားသူလေးအလားအရမ်းလှတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေကြောင့်ပရိတ်သတ်တွေအသည်းယားပြီး အချစ်ပိုနေရပြန်ပါတယ်နော်။

သူမဟာSexyဆန်ဆန် ဖက်ရှင်မျိုးလေးတွေကို အဝတ်များပေမယ့် ဒီတစ်ခါမှာတော့ အရမ်းကြီးSexyဘက်သွားတာမျိုးမဟုတ်ဘဲ ခေတ်ရေစီးကြောင်းနဲ့ အညီ လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် ပရိတ်သတ်ကြီးကိုမျှဝေပေးထားခဲ့ပါတယ်နော်။ ကဲ... မိုးမြင့်သဇင်ရဲ့ ဒီလူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Moe Myint Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။