အရွယ်လေးနဲ့မလိုက်အောင် စတိုင်အပြည့်နဲ့ ရှိုးထုတ်တတ်သူလေးကတော့ အားလုံးရဲ့အသည်းကျော်မင်းသမီးလေး ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ အသက်အငယ်ဆုံး မော်ဒယ်မလေးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မင်းသမီးလေး ထိပ်ထားသခင်ကတော့ မကြာသေးခင်ကမှ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကြော်ငြာလေးတွေ စတင်ရိုက်ကူးခဲ့ရတဲ့ ထိပ်ထားက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးမှာတောင် ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တီတီတာတာ စကားလေးတွေ ပြောရင်း စကားတတ်လွန်းလို့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင် ခဲ့သလို လက်ရှိမှာ အနုပညာရှင် ကလေးတစ်ယော်က အနေနဲ့ သာမက ကြော်ငြာမင်းသမီး လေး အဖြစ်ပါ အောင်မြင်နေပြီဖြစ်ပါတယ်။ အသက်ငယ်ပေမဲ့လည်း အရွယ်နဲ့ မလိုက်အောင် စကားတတ်လွန်းတာရယ်၊ ချစ်ဖို့ ကောင်းအောင် အမူအရာတွေ လုပ်တတ်လွန်းတာရယ် ကြောင့် အများပြည်သူ ပရိသတ်တွေရဲ့ အချစ်ကို သာမက အနုပညာအသိုင်းအဝိုင်းကပါ သူမကို ချစ်ခင်ကြတာတွေ့ရပါတယ်။

ထိပ်ထားလေးရဲ့ ချစ်စရာအရမ်းကောင်းတဲ့ ဗီဒီယိုလေးတွေနဲ့ ပုံလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။လတ်တလောမှာတော့ ကြည့်မိသူတိုင်း အသည်းယားသွားရလောက်အောင် ချစ်ဖို့ကောင်းတဲ့ အမူယာလေးတွေနဲ့ သီချင်းလေးဆိုကာ ကပြနေတဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ထိပ်ထားလေးက အရွှယ်နဲ့မလိုက်အောင်အရမ်းကို တက်လိုက်တာနော်..။ကဲ..ချစ်ပရိသတ်ကြီးတွက် ထိပ်ထားလေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:La Pyae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။