Justin Bieber နဲ့ Hailey Baldwin တိုဟာ March လမှာ ဒုတိယအကြိမ် လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ Los Angeles မှာ ဓာတ်ပုံရိုက်နေကြပါတယ်။ သူတို့နှစ်ယောက်ဟာ ပထမအကြိမ်လက်ထပ်တုန်းက လူသိရှင်ကြား လက်ထပ်ခဲ့ခြင်းမဟုတ်ပဲ တိုးတိတ်စွာပဲ လက်ထပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ခုချိန်မှာတော့ သူတို့ဟာ လူသိရှင်ကြား လက်ထပ်တော့မှာပဲဖြစ်တာမို့ ဘယ်လိုမျိုး မင်္ဂလာဝတ်ဆုံတွေနဲ့ ဆောင်ကြမလဲဆိုတာ စောင့်ကြည့်ရအုန်းမှာပဲ ဖြစ်ပါတယ်ခဗျာ။

ustin ဟာအသက် ၂၄နှစ်ရှိပြီး Hailey ကတော့ အသက်၂၂ရှိပြီဖြစ်ပါတယ်။ Studioကနေ ဓာတ်ပုံရိုက်လို့ အပြီးမှာတော့ သူတို့နှစ်ယောက်ဟာ ထွက်ရှိလာပြီး ကားနဲ့ထွက်သွားလိုခဲ့ပါတယ်။ Justin ထွက်လာတဲ့ပုံစံကတော့ ပြုံးပျော်ရွှင်နေတဲ့ မျက်နာနဲ့ အဝတ်ကိုခေါင်းပေါ်တင်ကာ ပေါ့ပါးစွာပဲ သူ့အချစ်ဆိကို လာခဲ့ပါတယ်။ Bieber ကိုကြည့်လိုက်တိုင်းမှာ အမြဲလိုလို ပေါ့ပါးနေတာကိုတွေ့ရှိရပါတယ်။ ဒါလဲ သူရဲ့နေထိုင်မှု ပုံစံတစ်မျိုးပါပဲ....ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေထိုင်တာ သူ့ရဲ့ Life Styleပါပဲ။ 

Hailey ကတော့ အဖြူနဲ့အမဲ အကြောင်အကျားပါတဲ့ ရှပ်အင်္ကျီကို ဂျင်ဘောင်ဘီနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။ ထို့နောက်သူတို့နှစ်ယောက်က ကားပေါ်တက်ကြပါတယ်....အဲ့တက်တဲ့ချိန်ထိ Bieber ဟာသူခေါင်းပေါ်က အဝတ်ကို မချပါဘူး။ သူတို့နှစ်ယောက်ဟာ New York မှာ September လမှာတစ်ခါမင်္ဂလာဆောင်ခဲ့ပြီးကြပါပြီ။ ခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ Bieber ရဲ့မွေးနေ့ဖြစ်တဲ့ March လ 1 ရက်နေ့မှာ ဓလေ့အတိုင်း လက်ထပ်တော့မည်ဖြစ်ကာ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနားဆောင်ရမလား ရိုးရိုးသာမန်ပဲဆောင်ရမလားဆိုတာ စဉ်းစားနေကြတုန်းပါ။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။