ပရိတ်သတ်ကြီးရေ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်နဲ့ အရပ်ရှည်ရှည်ကို ပိုင်ဆိုထားတဲ့ ပိုင်တံခွန်ကတော့ မော်ဒယ်လောကမှာ နေရာယူလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ ဖြူစင်တဲ့ အပြုံးလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေက တစ်ဖြုတ်ဖြုတ်ကြွေနေရတာဖြစ်ပါတယ်။ပိုင်တံခွန်က အခုဆိုရင် အနုပညာလောကထဲမှာ နေရာရလာတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ အမိုက်စားဓာတ်ပုံတွေဟာဆိုရင် အကြမ်းစားတွေနဲ့ အရမ်းမိုက်လွန်းလို့ မိန်းကလေးပရိတ်သတ်တွေက ရင်တလှပ်လှပ်ခုန်နေရပါတယ်။ပိုင်တံခွန်က Show ပွဲတွေမှာလျှောက်ရင်လည်း ရှည်လျားလွန်းတဲ့ အရပ်ကြောင့် အများကြားထဲမှာ ထင်းနေပါတယ်။ပိုင်တံခွန်ရဲ့ အနုပညာလှုပ်ရှားမှုတွေက အခုနောက်ပိုင်းမှာ ခြေလှမ်းတော်တော်စိပ်လာပြီး သူ့ရဲ့ အမိုက်စားဓာတ်ပုံတွေကိုလည်း ပရိတ်သတ်တွေအတွက် မျှဝေနေကြဖြစ်ပါတယ်။

ပိုင်တံခွန်က ဖိတ်ကြားသမျှပွဲတွေကိုလည်း တက်ရောက်နေပြီး လူအများနဲ့ အဆင်ပြေအောင် ပြောဆိုပေါင်းသင်းဆက်ဆံတတ်သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများပြီး အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေလည်း များပါတယ်။ပိုင်တံခွန်က တစ်ခါတစ်လေ အမိုက်စား Tiktok လေးတွေဆော့ပြီးလည်း ပရိတ်သတ်ကို ချပြပါသေးတယ်။သူဆော့တဲ့ Tiktok လေးတွေကလည်း အလန်းစားမို့ ကြည့်ရှု့သူနှုန်းကတော့ များပါတယ်နော်။ယခုဆိုရင်လည်း သူရဲ့အချစ်ဆုံးကြောင်လေးကို အတင်းလိုက်နမ်းနေတဲ့ ဗီဒီယိုလေးကို "ကိုယ်ချစ်သလောက် သူကတော့ "ဆိုတဲ့စာသားလေးနဲ့ အပျော်လေးမျှဝေထားပါသေးတယ်။

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။