ပရိသတ်ကြီးရေ.. ပြည်သူပရိသတ်တွေရဲ့ အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ဒီကနေ့မှာ ကွယ်လွန်သွားတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်နဲ့ သူမရဲ့ အမှတ်တရတွေကို စိတ်မကောင်းစွာ ပြောပြလာခဲ့ပါတယ်..။

ဟာသ သရုပ်ဆောင် ကင်းကောင်ကတော့ ဒီကနေ့ဇန်နဝါရီ(၂၂)ရက်နေ့ မနက်(၇)နာရီအချိန်က ပုပ္ပါးမှာ ဇာတ်ကားရိုက်ကူးနေရင်း ချွဲကျပ်ကာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး စိတ်မကောင်းစရာ သတင်းလေးကြောင့် မင်းသမီးချောဝတ်မှုံရွှေရည်အပြင် အနုပညာရှင်တွေများစွာနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်..။

အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင် ဇာတ်ကားတွေရိုက်ကူးရင်း တကယ်ကိုဦးလေးတစ်ယောက်လို့ ချစ်ခင်စရာကောင်းတဲ့ ဦးကင်းအကြောင်းကို ပြန်လည်ပြောပြရင်း ရွှေကစ်တစ်ယောက်ကတော့ ယူကြုံးမရစွာနဲ့ ဝမ်းနည်းစကားလေးလည်း ဆိုလိုက်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် ဦးကင်းကတော့ မကြာခင်ရုံတင်ပြသတော့မယ့် ဝတ်မှုံရွှေရည်တို့ရဲ့ “အဓိပတိလမ်းနဂ္ဂတစ်များ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး အဲ့ဒီဇာတ်ကားလေးကတော့ ဦးကင်းရဲ့ နောက်ဆုံး ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်..။

ရွှေကစ်လေးကတော့ လွန်ခဲ့တဲ့(၅)နှစ်၊ (၆)နှစ်က ဇာတ်ကားတွေ အတူရိုက်ရင်း အချင်းချင်း အမြဲချစ်ခင် စနောက်နေကြတဲ့ ပျော်စရာအချိန်တွေကို ဘယ်တော့မှ မမေ့သလို အမှတ်တရတွေကို အများကြီးကို အမြဲသတိရနေမှာဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

“ဦးကင်းရေ ကောင်းရာသုဂတိလားပါစေ။

လွန်ခဲ့တဲ့ ၅/၆ နှစ်က ကလောမှာ ရုပ်ရှင်သွားရိုက်ခဲ့တုန်းက အချိန်တွေ ဘယ်တော့မှ မမေ့ပါဘူး။

ရှုတင် ရိုက်ကွင်းမှာရော

ရိုက်ကွင်းနောက်မှာရော ဦးကင်း မစရင် အနားသွားပီးစခိုင်းတာ တချိန်လုံး

ဦးကင်းက လည်း သမီးလေးလို အမြဲစ အမြဲ ဟာသ တွေ လုပ်ပြ

မစရရင်တောင် ရီနေရလို့ အမြဲ ပျော်နေရတာ အခုလိုသတင်းကြားရတော့စိတ်မကောင်းလိုက်တာ ဦးကင်းရေ

အမြဲသတိရနေမှာပါ

အခုတော့ အဓိပတိလမ်းနဂ္ဂတစ်များက ရုပ်ရှင် မှာ ကစ်တို့နဲ့ နောက်ဆုံး သရုပ်ဆောင်သွားတာပေါ့။ အဲဒီ ကားလေးကြည့်တိုင်းသတိရနေမှာပါ တကယ် အမှတ်တရ တွေ အများကြီးပါဦးကင်းရေ..” ဆိုပြီး ပြောပြထားတာပဲဖြစ်ပါတယ်..။

Photo - ဝတ်မှုံရွှေရည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။