အိုင်တင်မျိုးစုံကို ပိုင်နိုင်တဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ အနုပညာအလုပ်တွေကို ဟိုအရင်ကတည်းက အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဇေရဲထက်ရဲ့ အနုပညာသက်တမ်းက ဝါရင့်တွေလောက်မကြာမြင့်သေးပေမယ့်လည်း သူရဲ့ အိုင်တင်တွေကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။ဘက်စုံဒေါင့်စုံ ရှုထောင့်ပေါင်းစုံကနေ ဘယ်လိုဇာတ်ရုပ်မျိုးပဲလာလာ အိုင်တင်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ပါတယ်။

ဇေရဲထက်ရဲ့ ဇာတ်ကားတွေဟာဆိုရင် ဇာတ်လမ်းဇာတ်အိမ်ကို တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ထားတာကြောင့် ပရိတ်သတ်တွေအများအပြားကြည့်ရှုအားပေးကြပါတယ်နော်။ဇေရဲထက် အခြောက်အခန်းကာရိုက်တာရိုက်ရင်းလည်း နဂိုကတည်းကချောတဲ့မင်းသားဖြစ်လို့ မိန်းကလေးလိုပြင်လိုက်တဲ့ အခါ တကယ့်ကို မိန်းကလေးတွေရှုံးလောက်အောင် လှသွားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဇေရဲထက်ရဲ့ မိန်းကလေးလိုပြင်ဆင်ထားတဲ့ ဇာတ်ရုပ်က တခြားမင်းသားတွေနဲ့မတူဘဲ တမူထူးခြားနေပါတယ်။

ဇေရဲထက်က ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်နေသလို ဗီဒီယိုဇာတ်ကားတွေအများအပြားကိုလည်း ရိုက်ကူးနေပါတယ်။စိတ်ထားလေးဖြူစင်ပြီး သဘောမနောကောင်းတဲ့ သူတစ်ယောက်ဖြစ်လို့ အပေါင်းအသင်းမိတ်ဆွေကတော့ များပါတယ်နော်။ဇေရဲထက်က လူလူချင်းလည်း စာနာထောက်ထားသနားညှာတာတတ်တဲ့စိတ်ထားလေးလည်း ရှိပါတယ်။အခုဆိုရင် ဇေရဲထက်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မွေးနေ့မှာ မကျွေးလိုက်ရလို့ သူတို့တွေအတွက် သူတတ်နိုင်သလောက်လေးကို အလှူပြုခဲ့တဲ့ ပုံရိပ်လေးကို မျှဝေလိုက်ပါတယ်နော်။

Source:Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။