သရုပ်ဆောင် ဝေဠုကျော်ကတော့ သရုပ်ဆောင်အမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ သရုပ်ဆောင်ဘဝကအနားယူပြီး ဆင်းရဲဒုက္ခတွေကျရောက်နေတဲ့ ပြည်သူတွေဆီအကူအညီတွေ ပေးနေတဲ့ ပရဟိတမင်းသားကြီးလဲ ဖြစ်ပါတယ်။ 

ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကိုတော့ မော်ဒယ်သင်းသင်းက ကာမလိမ်လည်ရယူုမှု ပုဒ်မ(၄၁၇)နဲ့ တရားရုံးမှာ အမှုဖွင့်ထားခဲ့တာပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ကာမလိမ်လည်မှုနဲ့ တရားစွဲခံရတဲ့ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက သိန်း၅၀နဲ့ အာမခံပေးလိုက်ပြီဖြစ်ပါတယ်။

ကာမလိမ်လည်မှုနဲ့ စွပ်စွဲခံရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ဘက်ကနေ ရှေ့နေဦးဖိုးဖြူက လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ မော်ဒယ်သင်းသင်းဖက်က တရားလွတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က လိုက်ပါဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါအမှုကို ဖေဖော်ဝါရီ (၅)ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့လဲ သိရပါတယ်။

source:,myanmar load tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။