Blue parrotfish

Blue parrotfish လို့အမည်ရတဲ့ ဒီငါးလေးကတော့ အလွန်မှကိုတွေ့ရခဲလှတဲ့ အကောင်ဖြစ်ပြီး သမုဒ္ဒရာအနက်ပိုင်းတွေမှာသာ နေတာများပါတယ်။ အကောင်ရေ သိပ်များများစားစားမရှိတော့ပဲ မျိုးတုန်းမယ့်စာရင်းထဲမှာပါဝင်နေတဲ့အကောင်လေးတွေပဲ ဖြစ်ပါတယ်။ 

Tiger Fish

အခုမြင်တွေ့နေရတာကတော့ ကွန်ဂို မြစ်အတွင်းမှာ အများဆုံးတွေ့ရတတ်တဲ့ ကျားငါးကြီးတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့သွားတွေဟာ အလွန်မှကိုချွန်ထက်ပြီး အန္တရာယ်များသလို ဖမ်းရလည်းအလွန်ခက်ပါတယ်။ ဒါ့အပြင် မိကျောင်းငယ်လေးတွေကိုတောင် ကြီးမားတဲ့ အစွယ်တွေနဲ့ ပြန်လည်တိုက်ခိုက်နိုင်တာကြောင့် ရေထဲမှာတော့ သူ့ကို ရန်ပြုနိုင်တဲ့သူ အတော်ရှားပါတယ်။  

Greeland Crab

ဂရင်းလန်းကျွန်းစုဟာ အလွန်အင်မတန်မှကိုအေးခဲပြီး ရေနေသတ္တဝါတွေ ပိုမိုကျက်စားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအထဲမှာမှ ဂရင်းလန်းဂဏန်းတွေဟာ အတော်လေးကို အရွယ်အစားကြီးမားပြီး သူတို့ရဲ့ အရွယ်အစားအကြီးဆုံးဟာ ၄ပေကျော်အထိရှိတတ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့လက်မတွေဟာ ဓားတစ်ချောင်းလို ချွန်ထက်နေတာကြောင့် ညှပ်မိလိုက်လို့ကတော့ လက်တောင် ပြတ်ထွက်နိုင်ပါတယ်။

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။