ယခင်ကတည်းက ပရိသတ်တွေ အရမ်းကိုချစ်ကြတဲ့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် နာမည်ကြီးလာခဲ့တဲ့ အိစိကွေးကတော့ ဇန်နဝါရီလ (၂၁)ရက်နေ့ မှာ သူရဲ့ အသက် (၁၈)နှစ်ပြည့်မွေးနေ့လေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အားလုံးရဲ့ မျက်စိရှေ့မှာတင် အသက် (၁၈)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အိစိကွေးကတော့ ယခုဆိုရင် အနုပညာအလုပ်တွေကို ယခင်ကထက်ပိုပြီး တစိုက်မတ်မတ်ကြိုးစားလုပ်ကိုင်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အိစိကွေးက သူရဲ့ မွေးနေ့ပွဲလေးမှာ ပကာသနတွေမပါပဲ အမွန်မြတ်ဆုံးသော ကုသိုလ်တွေကို ပြုလုပ်ရင်းတစ်နေ့တာ အချိန်လေးတွေကို ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ မွေးနေ့ ပြီးတဲ့ နောက်မှာတော့ စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းအရာတစ်ခုကို ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ " သူများ Cele တွေမွေးနေ့ဆို အိမ်ရှေ့မှာ လက်ဆောင်တွေလာပို့ကြတာတို့ ဘာတို့ ကိုယ့်မွေးနေ့များ ဘယ်သူဘယ်သူမှကို ဘာမှကိုမလာတာ အခုချိန်ထိ မွေးနေ့လက်ဆောင်တစ်ခုမှ မရသေးပါဘူးနော်" ဆိုပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုစာလေးကို မြင်ပြီး အိစိကွေးရဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လတ်တလောမှာတော့ အိစိကွေးက မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိပြီး သီချင်းအသစ်တွေထွက်ရှိနိုင်ဖို့အတွက်လည်း ကြိုးစားလျက်ရှိနေပါတယ်။ စိတ်မကောင်းဖြစ်နေတဲ့ အိစိကွေးကိုလည်း ပရိသတ်တွေအားပေးလိုက်ကြပါအုံးနော်။

Source: Eisi Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။