Cristiano Ronaldo ဟာ Chievo နဲ့ပွဲမှာ ပန်နယ်တီကိုလွဲချော်ခဲ့ပါတယ်....ဒါပေမဲ့လဲ Juventus ဟာ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ပွမှာဆိုရင်တော့ Douglas Costa နဲ့ Emre Can တို့ဟာ ဒီရာသီမှာ ပထမဆုံးဂိုးသွင်းချင်းပဲဖြစ်ကာ နောက်ဆုံးဂိုးကိုတော့ Daniele Rugani ကသွင်းခဲ့ပါတယ်။ ခုဆိုရင်တော့ Juventus ဟာ Serie A မှာ လုံးဝရှုံးပွဲမရှိနဲထိပ်ဆုံးမှာ ရပ်တည်နေပြီပဲဖြစ်ပါတယ်။ ဘယ်သူမှ သူတို့ကို ခုချိန်ထိ အနိုင်မကန်နိုင်သေးပါဘူး...ရှံးပွဲမရှိတဲ့ အသင်းဖြစ်နေပြီ။

Jventus ဟာဆို အဆင့် ၂နေရာက Napoli ကို ၉မှတ်အသာနဲ့ အဆင့်၁နေရာကို ဦးစီးထားပါတယ်။ Real Madrid Star တစ်ယောက်ဖြစ်တဲ့ Ronaldo ဟာဆိုရင် Chiveo နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ရရှိတဲ့ ပန်နယ်တီကို လွဲချော်ခဲ့ကာ အဲ့ညအတွက်တော့သူဟာ Juventus အတွက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲလိုလွယ်သွားလို့ အကြောင်းမရှိပါဘူး.....Paulo Dybala ကအဲ့အရှေ့မှာ ဂိုးနှစ်ဂိုးရအောင် ဖန်တီးပေးထားတာမို့ပါ။ ပန်နယ်တီကန်တာကလဲ လွယ်သလိုလိုနဲ့ ခတ်တယ်ဆိုတာ ကန်ဖူးတဲ့ သူတိုင်းသိမှာပါ။

ရှုံးပွဲမရှိတဲ့ Juventus အသင်းဟာလဲ Ronaldo ပန်နယ်တီ လွဲသွားလို့ ဘာမှမဖြစ်ပါဘူး.....သူတို့က အစကတည်းက အနိူင်ရနေခဲ့တာပါပဲ။ ပန်နယ်တီရပုံကတော့ Mattia Bani ရဲ့လက်ထိဘောကြောင့်ရရှိခဲ့တာဖြစ်ပြီး Ronaldo ပန်နယ်တီကန်လိုက်တဲ့အခါမှာ ဂိုးသမား Stefano Sorrentino ရဲ့ မှန်ကန်တဲ့ ရွှေးချယ်မှုကြောင့် ဘောလုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။ Juventus ဟာဒုတိယပိုင်းမှာ ဂိုးမရရှိတော့ဘူးလို့ ထင်ခဲ့ပေမဲ့ မထင်မှတ်ထားပဲ Rugani က Federico Bernardeschi ကကန်လိုက်တဲ့ ပြစ်ဒဏ်ဘောကနေ ခေါငင်းတိုက်လိုက်ကာ ၃ဂိုးမြောက် ဂိုးကိုရရှိခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။