ဒီဖြစ်ရပ်လေးကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တရုတ်နိုင်ငံ Wuha , Hubei ပြည်နယ်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးဖြစ်ပွားခဲ့ပုံကတော့ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ ဆိုင်တဆိုင်မှာ ခေါက်ဆွဲဝင်စားရာကနေစတင်ခဲ့ပါတယ်။ 

၎င်းအမျိုးသားဟာ ခေါက်ဆွဲစုစုပေါင်း သုံးပွဲမှာစားခဲ့ပြီး ငွေရှင်းတဲ့အခါမှာ ဆိုင်ရှင်ဟာ ခေါက်ဆွဲတပွဲကို တရုတ်ငွေ တယွမ်စီဈေးတင်ပြီးရောင်းခဲ့တာကြောင့် ဆိုင်ရှင်နဲ့ ထိုအမျိုးသားတို့ အချင်းများခဲ့ကြပါတယ်။

ထိုသို့အချင်းများနေတဲ့အချိန်အတွင်းမှာပင် ဆိုင်ရှင်ဟာ မင်းပိုက်ဆံမတတ်နိုင်ရင် နောက်တခါငါ့ဆိုင်မှာလာမစားနဲ့လို့ ပြောလိုက်တဲ့အတွက် အသက် ၂၂ အရွယ်အမျိုးသားဟာ ဆိုင်ရှင်ကိုဒေါသအရမ်းထွက်ပြီး ဆိုင်မှာရှိနေတဲ့ မီးဖိုချောင်သုံး ဓားနဲ့ပဲ ခေါင်းဖြတ်သတ်ပြစ်ခဲ့ပါတယ်။  

ဒီဖြစ်ရပ်ကိုမြင်တွေ့နေရတဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကလည်း သွေးပျက်နေကြသလို ကြောက်လို့ အနားတောင်မကပ်ရဲခဲ့ပါဘူး၊။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၎င်းအမျိုးကိုဖမ်းခေါ်သွားခဲ့သလို ဒီအဖြစ်အပျက်ကြီး လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့အခါမှာဆိုရင်လည်း အင်တာနက်သုံးစွဲသူတွေကို အင်မတန်ထိတ်လန့်စေခဲ့ပါတယ်။

ဒေါသကိုမထိန်းနိုင်ဘဲ အခုလို ဘာမဟုတ်တဲ့ပြသနာလေးနဲ့ လူတစ်ယောက်ကို အရှင်လတ်လတ် ခေါင်းဖြတ်သတ်ခဲ့တဲ့ ဒီအမျိုးသားရဲ့ လုပ်ရပ်ကတော့ တွေးကြည့်တိုင်း ကြက်သီးထစရာကောင်းလှပါတယ်။  

source _ Elite Readers

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။