ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချောလေး အိစိကွေးကတော့ သူ့ရဲ့ မွေးနေ့လေးမှာ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်..။

ဇန်နဝါရီလ(၂၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့အသက်(၁၈)နှစ်ပြည့် မွေးနေ့လေးမှာ မွေးနေ့အလှူအဖြစ် လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့မနက်အစောပိုင်းမှာ သံဃာတော်များကို ဆွမ်းလောင်းလှူခဲ့ပြီး ကုသိုလ်ယူခဲ့ကာ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းခဲ့တဲ့အပြင် ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာလည်း အလှူငွေအဖြစ် ငွေကျပ်(၃)သိန်းကိုလည်း လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

အိစိကွေးကတော့ သူ့ရဲ့မွန်မြတ်လွန်းတဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပြီး ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ဆုတောင်းမေတ္တာလေးတွေ ပို့သထားပြီး မိဘတွေနဲ့ သူ့ရဲ့အလှူလေးမှာ လိုက်ပါကူညီခဲ့သူတွေကိုလည်း ျကးဇူးတင်စကားလေး ပြေထားပါသေးတယ်..။

ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားပြီး အောင်မြင်တဲ့ အနုပညာရှင်မင်းသားတစ်ဦးဖြစ်တဲ့ အိစိကွေးကတော့ သူ့ရဲ့အသက်(၁၈)နှစ်ပြည့် မွေးနေ့လေးကိုလည်း ဇန်နဝါရီ(၂၀) ရက်နေ့က ရိုက်ကူးရေးလုပ်ဆောင်နေရင်း ရှုတင်မှာ မွေးနေ့အကြိုပွဲလေး ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်..။

မွန်မြတ်လွန်းတဲ့ အိစိကွေးရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေနဲ့ ရှုတင်မှာ အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့အကြိုပွဲလေး ပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ။

Photo - အိစိကွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။