အာဖဂန်နစ္စတန် နိင်ငံ အလယ်ပိုင်းက မိုင်ဒန် ဝါဒက်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ဘက်စာသင်ကျောင်းတခုတိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ တာလီဘန်သောင်းကျန်းသူတွေက ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ 

၎င်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတွေများစွာဖြစ်ပေါ်ခဲ့သလို အစိုးကကတော့ တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်းမကြာခင်မှာ လူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။

သို့ပေမယ့် ယနေ့အချိန်ထိ စစ်တမ်းအရဆိုရင်တော့ ၎င်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၁၂၆ ဦးအထိရှိနေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူတွေလည်းများစွာရှိနေတာကြောင့် သူတို့ကိုလည်း ဆေးရုံတွေမှာ ကုသပေးနေသလို သေဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလည်း ဆက်သွယ်အကြောင်းကြားနေတယ်လို့သိရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။