မနေ့ည မတ်လ (၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ သက်မွန်မြင့်မှ ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ အကယ်ဒမီ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှု ပြင်းထန်ခဲ့တဲ့ "ချစ်လှစွာသော အမုန်း" ဇာတ်ကားမှာ မိုးစက်မေ ဆိုတဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

အတိုက်အခိုက် အတင်းအဖျင်းတွေကြားထဲက ယခုလို အကယ်ဒမီကို ထိုက်တန်စွာ ဒုတိယအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် သူမရဲ့ ပရိသတ်တွေကတော့ အတိုင်းမသိ ဝမ်းသာနေကြပါတယ်။ အကယ်ဒမီပွဲ မတိုင်ခင် ပြေတီဦး နဲ့ ကစ်ကစ်တို့ရဲ့ စကားသံတွေကြောင့် ပရိသတ်အများစု ဒေါသထွက်ခဲ့ရပြီး ယခုလို သူတို့ရဲ့ ချစ်သက် အတင်းအဖျင်းတွေကြားက အကယ်ဒမီဆွတ်ခူးနိုင်ခဲ့တာကို ပိုလို့တောင် ဂုဏ်ယူတယ်လို့ ဆိုကြပါတယ်။

ပြေတီဦး တစ်ယောက် အကယ်ဒမီပွဲမတိုင်ခင် ရိုက်ကွင်းတစ်ခုမှာ ဝတ်မှုန်ရွှေရည် အကယ်ဒမီရမှာ ဆိုတဲ့ စကားတွေ သက်မွန်မြင့် က ဇာတ်ပို့ အောက်ကာရိုက်တာသာ ဖြစ်တယ် စသဖြင့် ပြောဆိုနေခဲ့ပြီး ယခုတော့ တက်တက်စင်အောင် လွဲခဲ့ပြီပေါ့ ပရိသတ်ကြီးရေ… (ဂွမ်းတာပေါ့နော်)

Source: 7Day Daily

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။