White Crow
အပြင်မှာတွေ့ရတဲ့ ကျီးကန်းတွေဟာ အမဲရောင်တွေပဲရှိတာကို သတိထားမိမှာပါ။ ဒါပေမယ့်လည်း ကျီးကန်း အဖြူရှိတယ်ဆိုရင်ရော ယုံနိုင်ပါ့မလား ပရိသတ်ကြီးရေ။ အခု မြင်တွေ့နေရတဲ့ ကျီးဖြူလေးကတော့ နယ်သာလန်နိုင်ငံမှာမြင်တွေ့ရတဲ့ ကျီးကန်းအဖြူပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမာရိုးကျတွေထက် ဒီကျီးကန်းအဖြူလေးတွေကို တွေ့ရခဲပါတယ်။
Albino Alligator
နောက်ထပ်တွေ့ရဖို့ အလွန်ခဲယဉ်းလှတဲ့ အကောင်လေးကတော့ Albino မိကျောင်းအဖြူပဲ ဖြစ်ပါတယ်။ သြစတေးလျမြစ်ဝှမ်းနဲ့ အိန္ဒိယမြစ်ဝှမ်းတစ်လျှောက်မှာ တွေ့ရတတ်ပါတယ်။ တရားမဝင်မုဆိုးတစ်ချို့ရဲ့ ဖမ်းဆီးမှုတွေကြောင့် အခုဆိုရင် အကောင်ရေ သိပ်မကျန်တော့ပါဘူး။
Yellow Anaconda
အခုနောက်ပိုင်း သီချင်းMTV ရိုက်ကူးခန်းတွေမှာ အကောင်ကြီးကြီး အရောင်ဆန်းဆန်း အန်နာကွန်ဒါမြွေတွေကို ထည့်သွင်းရိုက်ကူးလာတာကို တွေ့လာရပါတယ်။ အဖြူနဲ့ အဝါ စပ်ထားတဲ့ လှပလွန်းလှတဲ့ အရောင်ကြောင့် ချစ်ဖို့ကောင်းပေမယ့်လည်း အိမ်မှာ မွေးဖို့ ဆိုရင်တော့ သိပ်ပီးမသင့်တော်တဲ့ အိမ်မွေး တိရစ္ဆာန်စာရင်းထဲမှာပါဝင်ပါတယ်။
White frog
ကုန်းနေရေနေ သတ္တဝါမျိုးစိတ်ထဲမှာ ပါဝင်တဲ့ ဖားတွေဟာ မျိုးကွဲပေါင်းများစွာရှိပြီး နေရာဒေသကိုလိုက်ပြီး အရောင် အမျိုးမျိုး ကွဲပြားကြပါတယ်။ ဒါပေမယ့်လည်း တစ်ကိုယ်လုံး အဖြူရောင်တွေချည်းပဲရှိတဲ့ ဖားကိုတော့ မြင်ဖူးသူ အလွန်နည်းပါးလှပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Source : Google
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။