ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲမှာ ပရိတ်သတ်တွေပေးတဲ့နေရာလေးတစ်နေရာနဲ့ အနုပညာရှင်တွေပေးတဲ့ လေးစားမှုတွေကို ရရှိထားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ ခေးလေးခင်ဝင့်ဝါကို ပရိတ်သတ်ကြီးသိမှာပါနော်။ ကလေးလေးကို ချစ်ဖို့ကောင်းတဲ့သူမရဲ့မျက်နှာလေးနဲ့ စကားပြောရင် ရှတတလေးပြောတတ်တဲ့ သူမရဲ့ အသံလေးတွေက သူမတူတဲ့ ဆွဲဆောင်မှုလေးတွေအဖြစ် ပရိတ်သတ်ကြီးကိုအချစ်ပိုစေခဲ့ပါတယ်။

သူမဟာ မော်ဒယ်လောကထဲကနေ သရုပ်ဆောင်အနုပညာဘက်ကို ကူးပြောင်းလာခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိတ်သတ်တွေလက်ခံအားပေးခြင်းကိုခံခဲ့ရပြီး လက်ခုပ်သံတွေကိုအချိန်တိုတိုနဲ့ရရှိခဲ့ပါတယ်။ လူကောင်လေးက သေးသေးလေးဆိုပေမယ့် သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်စွမ်းရှိတဲ့မင်းသမီးလေးဆိုရင်လည်းမမှားပါဘူးနော်။

အဲ့လို အနုပညာလောကမှာအောင်မြင်မှုတွေရရှိထားတဲ့သူမဟာ ခုထိ ရည်းစားမထား အပူမရှာတဲ့ အပျိုမလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။အခုတစ်ခါမှာ လည်းဒီ အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆက်လက်ထိန်းသိမ်းပြီးတော့ မိတ်ဆွေတစ်ယောက်ရဲ့မင်္ဂလာပွဲလေးမှာ ဖက်ဖူးရောင် လည်ဟိုက်ဂါဝန်လေးကို ချစ်ဖို့ကောင်းအောင်ဝတ်ဆင်ပြီးတက်ရောက်အားပေးခဲ့ပါတယ်နော်။ကဲ.. ပရိတ်သတ်ကြီးကိုလည်း မြင်သူတွေနှစ်ခါပြန်ငေးခဲ့ရတဲ့ ဖက်ဖူးရောင်ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ ခေးလေးရဲ့ ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khin Wint Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။