ပရိသတ်တွေပျော်ရွှင်မှုတွေရယ်မောမှုတွေအမြဲပေးတဲ့ ကင်းကောင်ကတော့ သူချစ်ခင်ရတဲ့ အနပညာ ချစ်ခင်ရတဲ့ ပရိသတ်တွေကို နှုတ်ဆက်ပြီးလူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ပုပ္ပါးမှာ ဇာတ်လမ်းတွရိုက်ကူးရင်း ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ဦးဇဂနာကတော့ ကင်းကောင်ရဲ့ဖြတ်သန်းလာရတဲ့ငယ်ဘဝအကြောင်းကိုပြောပြနေရင်း မျက်ရည်တွေမထိန်းနိုင်ဖြစ်ခဲ့ရရှာပါတယ်။  

ဦးဇာဂနာကတော့ " တက္ကသိုလ် ကျောင်းသား ဘဝ အငြိမ့်ကတော့ လူပြက်နာမယ် က အရှည်ကြီး။နာမယ် အရင်းက မျိုးမြင့်။ကျ့န်တော် နဲ့တွေ့တော့ ကင်းကောင် လို့နာမယ် ပြောင်းပေးလိုက်တယ်လူကောင်က ထွားတာကိုး။မြပုဏ္ဏမာ ဆိုတာ ၁၉၈၅ ကနေ ဒီနေ့ထက်ထိ ပဲ။မြပုဏ္ဏမာ ကို ပထမ ဆုံး လက်ပြ နှုတ်ဆက်သွားတာ သူ ဖြစ်သွားပြီ။သူ အိပ်ယာပေါ် လဲ တော့ ကျွန်တော် အနားမှာ အမြဲ ရှိတယ်။ခွဲ ဖို့ စိတ်ဖို့ လက်မှတ်ထိုးတာက အစသွေး ရှာတာ အဆုံး။သက်သာလာတော့ အနုပညာပိုး ကသတ်မသေ။လောလောဆယ် ပြနေတဲ့ သာမိုမီတာ ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်သေးတယ်။ 

ဒီကနေ အခု ပုပ္ပါး ကဇာတ်လမ်းတွဲ ပါ လို့ဆိုပြီး မိသားတစုလုံး သွားကြတာ။ကြာသပတေးသား ကြာသပတေးနာမ် မြို့မှာ ကံ ကုန်ရှာတယ်။အရှည်ကြီးရေမင်းချက်ကျွေးနေကြချဉ်စော်ကား ဟင်း မစားရတော့ဖူးပေါ့။ပြည်လမ်းမ ည မိုးချုပ် မှာ ကြိုးကုပ် ကျက်မှတ်ခဲ့တဲ့ ခွန်းတောက်လေပြေ တွေ ကျန်နေဦးမှာပါ။တစ်နေ့တော့ တို့ ညီ အကိုတွေ ပြန်ဆုံကြဦးမယ်။ " ဆိုပြီးရေးသားထားပါတယ်။

source: ဦးဇဂနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။