အဆိုတော်အငဲဟာ ဂီတလောကတွင် ဆယ်စုနှစ်မက ရှိနေပြီဖြစ်တဲ့ Iron Cross အဖွဲ့ရဲ့ပင်တိုင်အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ အလွမ်းအဆွေးသီချင်းများနဲ့ Rock သီချင်းအကြမ်းစားများကို ကိုယ်တိုင်ရေးသီဆိုသော ဝါရင့်အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ မည့်သည့်အရပ်ဒေသတွင်ဖြစ်ပါစေ Iron Cross မှကျင်းပတဲ့ပွဲတိုင်းမှာလည်း ပရိတ်သတ်တွေ ဒုနဲ့ဒေးအားပေးတာကိုလည်း တွေ့ရပါတယ်။ ဂီတလောကရဲ့ဝါရင့်အဆိုတော်တစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေ အခိုင်အမာထောက်ခံအားပေးကြတဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

သူဟာ Iron Cross ဂီတအဖွဲ့ဝင် လေးဖြူရဲ့အကိုအရင်းလည်း ဖြစ်ပါတယ်။ အဆိုတော်အငဲရဲ့အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာများတွင် မကြာခဏတွေ့ရတတ်ပင်မဲ့ သူ့ရဲ့မိသားစုအကြောင်းတွေကိုတော့တွေ့ရခဲတတ်ပါတယ်။ ဦးအငဲဟာ ချစ်ဇနီးလေးနဲ့ အတူ သမီးချောလေးနှစ်ဦးနဲ့ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို ဖန်တီးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့သမီးကြီးလေး လမင်းခကတော့ ဖခင်ရဲ့ဂီတမျိုးဆက်ကိုဆက်ခံထားနိုင်သူတစ်ယောက်ပါ။ သူမရဲ့ " ကူးကူ " လို့အမည်ရတဲ့ တစ်ကိုယ်တော်တေးစီးရီး Album လေးလည်း ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ 

ဂီတဖျော်ဖြေပွဲတွေ မနားတမ်းလုပ်ဆောင်နေတဲ့ အဆိုတော်အငဲရဲ့သီချင်းခွေအသစ်ကိုလည်း ပရိတ်သတ်တွေက စောင့်မျှော်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်သောအိမ်ထောင်ရေးဘဝကို ဖြတ်သန်းနေကြတဲ့ အဆိုတော်အငဲတို့ဇနီးမောင်နှံရဲ့ကြည်နူးဖွယ်ရာပုံရိပ်လေးတွေကို သမီးချောလေး လမင်းခရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားတာလည်းတွေ့ရပါတယ်။ ပရိတ်သတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် ဖော်ပြလိုက်ပါတယ်နော်။

Photo - La May Kha 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။