ပရိသတ်ကြီးကိုဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ကင်မရာပေါ်မှာအမိအရဖမ်းယူနိုင်ခဲ့တဲ့ ခေါင်းနှစ်ခေါင်းနှင့်မျက်စိလေးလုံးရှိတဲ့ သန္ဓေပြောင်းဆိတ်သတ္တဝါလေးကိုမွေးဖွားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ အဆိုပါထူးထူးဆန်းဆန်းရိုက်ကူးခဲ့သည့် ပုံမှန်မဟုတ်သောဦးခေါင်းသည် မြက်ခြောက်ပေါ်မှာလဲလျောင်းနေသော ၎င်း၏ခန္ဓာကိုယ်နဲ့အတူတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Yezhai ရွာ Fuyang မြို့တော် အရှေ့တရုတ်နိုင်ငံရှိ ဆိတ်ခြံမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၎င်း၏ပိုင်ရှင်မာျးက ကိုယ်ဝန်ဆောင်မိခင် ဆိတ်သတ္တဝါရဲ့ဦးခေါင်း၏အရွယ်အစားကြောင့် ခုနှစ်နာရီနနီးပါး ကြာမြင့်ပြီးရုန်းကန်လှုပ်ရှားအော်ဟစ်ခဲ့တယ်လို့ဆိုပါတယ်။ တစ်ကယ့်ကို သနားစရာဆိတ်ကလေးပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ..။

မယုံနိုင်လောက်အောင်ပဲသူရဲ့ ခေါင်းနှစ်လုံးမှာရှိတဲ့ မျက်စိလေးလုံးလုံးဟာ မြင်နိုင်ပြီး ၊ ပါးစပ်နှစ်ဖက်ကလည်းစားသောက်နိုင်တာဖြစ်ပါတယ်။စိတ်မကောင်းစွာနဲ့ပဲမွေးဖွားပြီးလေးရက်အကြာမှာပဲသေဆုံးသွားတာဖြစ်ပါတယ်။ ဒါဟာပုံမှန်အေးမြသောညဉ့်အချိန်မှာ အပူချိန်အလုံအလောက်မရရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ကင်မရာပေါ်တွင်ဖမ်းမိသော ထိုဆိတ်သူငယ်လေးနဲ့အဖြစ်တူတဲ့ နောက်ဆိတ်သတ္တဝါလေးတစ်ကောင်ရဲ့အကြောင်းဟာဆိုရင်လည်း ပြီးခဲ့သည့်နှစ်ရဲ့ အင်တာနက်ပေါ်တွင်ရုတ်ရုတ်သဲသဲ နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ အခုလိုကမ္ဘာတစ်လွှားကထူးဆန်းအံ့သြဖွယ်အကြောင်းအရာတွေကို ပုံရိပ်တွေနဲ့တကွ video ကိုပါပရိသတ်ကြီးတို့ဗဟုသုတရဖွယ် သိမှတ်စရာတစ်ခုအနေနဲ့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Source Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။