မြိုင်ဆိုတဲ့နာမည်လေးနဲ့တူတူတစ်နိုင်ငံလုံးကပရိသတ်တွေကိုအချစ်တွေတိုးစေခဲ့တာကတော့ မော်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး မေမီကိုကိုပဲဖြစ်ပါတယ်။MRTV-4ကထုတ်လွှင့်တဲ့"ပျားရည်အိုင်"ဇာတ်လမ်းတွဲလေးကနေပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေမလွတ်တမ်း စောင့်ကြည့်အားပေးခဲ့ရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

မြိုင်ဆိုတဲ့နာမည်လေးနဲ့ပီပီသရုပ်ဆောင်ရတဲ့ မေမီကိုကိုဟာသူ့ရဲ့ပီပြင်တဲ့အိုက်တင်တွေကအသက်ဝင်လွန်းတာကြောင့် ပရိသတ်တွေကြည့် နေရင်းနဲ့မျောသွားစေတာဖြစ်ပါတယ်။ဇာတ်ကားတိုင်းရဲ့ဇာတ်ဝင်ခမ်းတွေတိုင်းဟာပရိသတ်တွေကိုဇာတ်ရှိန်မြင့်တက်စေတာဖြစ်ပါတယ်။ခုချိန်မှာတော့ "ပျားရည်အိုင်"ဇာတ်လမ်းတွဲလေးဟာပြီးဆုံးသွားခဲ့ပြီးပရိသတ်တွေပြန်ကြည့်ချင်ရလောက်အောင်နှမြောတတဖြစ်ရတာပါ။

ဒီဇာတ်ကားလေးကြောင့်ပရိသတ်တွေတိုးလာခဲ့တာမေမီကိုကိုကတော့ခုမှာလည်း သူ့ကိုအားပေးတဲ့ပရိသတ်တစ်ယောက်ကြောင့်ပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။ရွှေစင်ရုပ်ထုလေးနဲ့တူတူအမှတ်တရစာလေးတစ်စောင့်ကြောင့်သူ့ဘဝမှာမမေ့နိုင်မယ့်အမှတ်တရနေ့လေးဖြစ်ခဲ့ရတာပါ။နောက်ထပ်ဇာတ်လမ်းတွဲလေးတွေလည်းရိုက်ကူးထားပြီးထုတ်လွှင့်ပြသမှာ ဖြစ်တာကြောင့်ပရိသတ်တွေလည်းဘယ်လိုကာရိုက်တာတွေနဲ့ ပရိသတ်တွေကိုဖျော်ဖြေမလဲဆိုတာစောင့်မျှော်ရင်းပရိသတ်ပေးတဲ့ လက်ဆောင်လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

source:May Mi Ko Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။