အနုပညာရှင်တွေ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ Fashion Productsတွေထုတ်နေတဲ့အချိန်မှာ မိစန္ဒီကနေ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် My Boo အကျီင်္တွေကို စတင်ထုတ်လုပ်ခဲ့တာမကြာသေးပါဘူး။ သူမကိုယ်တိုင်နဲ့ ရဲရင့်အောင်တို့ မော်ဒယ်အဖြစ် ဝတ်ဆင်ပြသပေးထားတဲ့ My Boo အကျီင်္ဒီဇိုင်းအသစ်နဲ့ ဦးထုပ်အမျိုးအစား အသစ်ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။

အကျီင်္တွေကို လူငယ်အကြိုက်ဒီဇိုင်း၊ အရည်အသွေးကောင်းကောင်းနဲ့ ပြုလုပ်ထားပြီး စျေးကတော့ နည်းလဲမနည်း၊ များလဲမများတဲ့ အနေအထားပါ။ ဦးထုပ်ပုံစံအသစ်ကိုလဲ မိတ်ဆက်ပေးခဲ့ပြီး Leatherနဲ့ ပြုလုပ်ထားတဲ့ လူငယ်ကြိုက် ဒီဇိုင်းအသစ်ဖြစ်ပါတယ်။

My Booအကျီင်္တွေ စတင် ရောင်းချဖြန့်ဖြူးတဲ့ အခမ်းအနားကို အောက်တိုဘာလငါးရက်၊ လှည်းတန်းစင်တာမှာ ညနေ ၃နာရီကနေ ၅နာရီအထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။