ပထမဆုံး အိမ်အလုံးလိုက် ခိုးယူသွားတဲ့ သူခိုးတွေပါ ...
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က အိမ်တစ်လုံးလုံး နေ့ခင်ကြောင်တောင်ကြီး အခိုးခံလိုက်ရတာပါ ။
အိမ်တိုင်ပါမကျန်ဘူးလို့ဆိုပါတယ် ။ ပျဉ်ကတိုးသားပျဉ်ထောင်အိမ်ကို ကားတစ်စီးနဲ့လူတစ်စုက ဖြိုချခိုးယူသွားခဲ့တာလို့
အိမ်ပိုင်ရှင်ကပြောပါတယ် ။

“ပတ်ဝန်းကျင်က မနေ့က နေ့လယ် ၂ နာရီက ကင်တာကား အမိုးဖွင့်ထားတဲ့ကားနဲ့ လူ ၇ ယောက်၊ ၈ ယောက်လောက် လာပြီးတော့ ၂ နာရီအတွင်း အပြီး ဖျက်သွားတာတဲ့။ သူတို့ကလည်း ကျနော်တို့ ဒီလိုပဲ သွားလိုက်၊ လာလိုက် ရှိနေတယ် ထင်လို့ဗျာ၊ မပြောတာပေါ့နော်၊ ကျနော့် လူတွေပဲ ထင်တာ။”

အိမ်ပိုင်ရှင်ကဆိုင်ထိုင်တဲ့သူမို့ အိမ်မှာလူမနေတာကိုသိတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိစီမံပြီး ခိုးတာလို့လဲ ဆိုပါတယ် ။

ဆိုင်နဲ့ အိမ်နဲ့ကလဲ အကွက် ၂၀ လောက်ပဲဝေးတာပါ ။

အခိုးခံလိုက်ရတဲ့ အိမ် ကာလပေါက်စျေး သိန်း ၅၀ လောက်ရှိပြီး တောင်ဒဂုံမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ် ။ အိမ်ခိုးခံလိုက်ရတဲ့ အိမ်ပိုင်ရှင် ဦးလူမော်ကလဲ ဒီလောက်အတင့်ရဲပြီး အိမ်တစ်လုံးလုံးခိုးခံရတဲ့အပေါ် အံ့သြတုန်လှုပ်နေပါတယ် ။ တောင်ဒဂုံရဲစခန်းသွားပြီး အမှုဖွင့်ပြီး လိုအပ်တာတွေဆက်ဆောင်ရွက်မှာပါ ။

Source : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။