ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှူးဖြစ်တဲ့မိုရာတာကတော့စပိန်ကလပ်အက်တလက်တီကိုအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရခဲ့ပြီဆိုပြီးသတင်းတွေထွက်နေခဲ့ပါတယ်။ရီးရဲမက်ဒရစ်အသင်းကနေချယ်လ်ဆီးအသင်းသို့ပြောင်းရွေ့ခဲ့တဲ့မိုရာတာကတော့ယခုနှစ်ရာသီမှာချယ်လ်ဆီးအသင်းအတွက်ခြေစွမ်းမပြနိုင်တာကြောင့်အသင်းကထွက်ဖို့အစောကြီးထဲကသတင်းတွေထွက်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်းအေစီတိုက်စစ်မှူးဟီဂူအင်ကိုခေါ်ယူဖို့ကြိုးစားနေတာဖြစ်တာကြောင့်ပွဲထွက်ခွင့်ဆုံးရှုံးရဖွယ်ရှိတဲ့မိုရာတာကအသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။မိုရာတာဟာစပိန်မှာအောင်မြင်မှုတွေယူနိုင်တာကြောင့်ယခုတစ်ခါစပိန်ကိုပြောင်းရွေုခဲ့ရင်လည်းအောင်မြင်မှုတွေရနိုင်မလားဆိုတာစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

မိုရာတာ၏ဇနီးဖြစ်သူ အဲလစ် ကမ်ပါလို နှင့် သားနှစ်ယောက်မှာ တနင်္ဂနွေနေ့ညနေက စပိန်နိုင်ငံသို့ ကြိုတင် ရောက်ရှိနေပြီဖြစ်ကြောင်း မက်ဒရစ် လေဆိပ်သို့ ရောက်ရှိလာသည့် သူတို့မိသားစု ဓာတ်ပုံများပြန့်နှံ့နေတာဖြစ်ပါတယ်။တစ်ချို့သတင်းတွေကတော့တိုက်စစ်မှူး မိုရာတာ မှာ ချယ်လ်ဆီးအသင်းတွင် ဆက်လက်ရှိနေပြီး တနင်္လာနေ့ လေ့ကျင့်ခန်း အစီအစဉ်များတွင် ပါဝင်မည်ဖြစ်ကြောင်းသတင်းတွေထွက်ပေါ်ထားတာပါ။ပရိသတ်တွေစိတ်ဝင်စားနေတဲ့မိုရာတာရဲ့အပြောင်းအရွေ့ဖြစ်လာမလားဆိုတာကတော့ပရိသတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။