ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ခါမှာ ရုပ်ရည်ရူပါ အရမ်းဖြောင့်ပြီး ပျိုတိုင်းကြိုက်ခဲ့တဲ့ သရုပ်ဆောင်နိုင်းနိုင်းကတော့ အနုပညာနယ်ပယ်မှာ လျှောက်လှမ်းလာခဲ့တာကြာနေပြီဖြစ်ပါတယ်။နိုင်းနိုင်းရဲ့အနုပညာလှုပ်ရှားမှုတွေက ငယ်စဉ်ကတည်းက စခဲ့တာဖြစ်လို့ ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုက ယခုချိန်ထိ ဆက်လက်တည်မြဲနေဆဲဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်ကြောင့် မော်ဒယ်တွေရှုံးလောက်အောင် အရမ်းမိုက်ပါတယ်နော်။

နိုင်းနိုင်းရဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေကြောင့် ဇာတ်ကားတိုင်းဟာ အသက်ဝင်လို့နေပါတယ်နော်။သူရဲ့ ဇာတ်ကားများကိုလည်း ပရိတ်သတ်တွေက တစ်ခဲနက်အားပေးကြလို့ နိုင်းနိုင်းက ပရိတ်သတ်အချစ်တွေပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။နိုင်းနိုင်းက သူချစ်ရတဲ့သူနဲ့ နှစ်ယောက်တစ်ကမ္ဘာလေးကို တည်ဆောက်လိုက်ပါတယ်။သာယာအေးချမ်းတဲ့ သူတို့ ဇနီးမောင်နှံက နိုင်ငံခြားမှာလည်း အခြေချနေထိုင်သလို မြန်မာပြည်ကိုလည်း တစ်ခါတစ်လေနဲ့ နိုင်းနိုင်းအလုပ်တွေရှိရင် ပြန်လာလည်ပါတယ်။ 

နိုင်းနိုင်းတို့ ဇနီးမောင်နှံက သမီးလေး ၃ယောက်နဲ့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး ကလေးတွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ကလေး၄ယောက်ကလည်း အရွယ်လေးတွေက မတိမ်းမယိမ်းလေးတွေဖြစ်လို့ နိုင်းနိုင်းတို့ ဇနီးမောင်နှံအတွက်ကတော့ အဖော်ရပြီး ပျော်ရွှင်စေတဲ့ ကလေးလေးတွေဖြစ်ပါတယ်။နိုင်းနိုင်းက မိသားစုနဲ့ အတူနေချိန်ဆို သားသမီး၄ယောက်ရဲ့ ဝေယျာဝစ္စကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ကလေးတွေကိုလည်း ကိုယ်တိုင်ကျောင်းပို့ကျောင်းကြိုလုပ်ပေးပြီး အခုလည်း သမီးကြီးလေးကိ ကျောင်းလိုက်ပို့ရင်း နှင်းတွေကျလေးနေလို့ သားအဖနှစ်ယောက် အပြိုင်ပါးစပ်ဟပြီး နှင်းရဲ့ အရသာကို ခံနေကြတဲ့ ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်နော်။

Source:Actor 99

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။