အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့စုံတွဲလေးကတော့ ပရိသတ်တွေအားလုံးက အားကျရတဲ့အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဇနီးမောင်နှံက အေးချမ်းသာယာတဲ့ မိသားစုဘဝလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့စုံတွဲလေးက ငပလီကမ်းခြေကို ရောက်ရှိနေပြီး အပြတ်အသတ်ကို Romantic ဆန်နေကြတာ တွေ့ရပါတယ်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကတော့ မင်းသမီးလေး မြတ်ရတနာကျော်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ဇနီးလေးရဲ့မွေးနေ့ကို အာဘွိုင်းက ငပလီကမ်းခြေမှာပဲ အခမ်းနားဆုံးဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်။ အရာရာနားလည်သိတတ်တဲ့ ဇနီးလေးမြတ်ရတနာကျော်အတွက် အာဘွိုင်းက အမှတ်တရ မွေးနေ့ဆုတောင်းလေးအပြင် အရမ်းကိုကြည်နူးစရာကောင်းတဲ့ Dinner ပွဲလေးနဲ့အတူ တန်ဖိုးကြီး လက်ကိုင်အိတ်တစ်လုံးကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

အာဘွိုင်းက " အခုလို နှစ်ဖက်သောမိဘတွေအပေါ် အမြဲရိုသေ၊ လင်ယောကျာၤးအပေါ်ဆို အမြဲသိတတ်၊ သမီးတွေအားလုံးအပေါ်မှာလည်း အမြဲနားလည်ပေးပြီး ကျောသားရင်သား မခွဲခြားပဲချစ်ပေးတဲ့... ကိုယ်အရမ်းချစ်ရသော ဇနီးMyat Yadanar Kyaw အတွက် ယနေ့ကျရောက်သော အသက်၂၄ပြည့်မွေးနေ့မှသည် နောင် နှစ်ပေါင်း ၁၀၀ အထိ အခုလိုပဲ အမြဲပျော်ပျော်ရွှင်ရွှင် အတူတူဖြတ်သန်းချင်ပါတယ်။ Happy Birthday မိန်းမ။ Love you so much! " ဆိုပြီး ဇနီးလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူတို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Phyo Tun & Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။