ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲမှာ နေရာတစ်နေရာကို ပိုင်ပိုင်နိုင်နိုင်ရရှိထားပြီးတော့ တစ်ချိန်ကအရမ်းကို နာမည်ကြီးခဲ့တဲ့ မင်းသမီးချောလေးချစ်စနိုးဦးဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်တစ်ယောက်ပါပဲနော်။အခုချိန်မှာတော့ အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်ဖြစ်တော့ပေမယ့် သူမချစ်တဲ့ ပရိတ်သတ်ကြီးနဲ့အမြဲ ထိတွေ့နေရအောင်လို့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်လေးတော့လုပ်ဖြစ်နေပါသေးတယ်နော်။

ချစ်စနိုးဦးဟာ အခုလတ်တလောမှာ ကြားလိုက်ရတဲ့ သတင်းဆိုးတစ်ခုကြောင့် အရမ်းကိုစိတ်မကောင်းဖြစ်ခဲ့ရသလို အရမ်းလည်းအံ့သြခဲ့ရပါတယ်။ ဒါကတော့ အနုပညာလောကထဲမှာလျှမ်းလျှမ်းတောက်နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဟာသသရုပ်ဆောင် သဘင်ပညာရှင် ဦးကင်းကောင် ရုတ်တရတ်ကွယ်လွန်ခဲ့တယ်ဆိုတာပါပဲ။

သူမဟာ ဒီအဖြစ်နဲ့ပတ်သတ်ပြီးတော့" ဦးကင်းရေ ဟိုတစ်လောကတောင် အဖေကို check up လုပ်တော့ဆေးရုံမှာတွေ့လိုက်သေးတယ် စနောက်ပြီးစကားတွေတောင်ပြောလိုက်ကြသေးတယ် ... အခုလို ကြားရတာအရမ်းစိတ်မကောင်းဖြစ်ရပါတယ် ...ဦးကင်းမိသားစုနဲ့အတူထက်တူဝမ်းနည်းရပါတယ် .. ဦးကင်းကောင်ရာသုဂတိလားပါစေ" ဆိုပြီးတော့ သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေပြီးတော့ ဝမ်းနည်းကြောင်း ဆိုထားခဲ့ပါတယ် ပရိတ်သတ်ကြီးရေ....

Source : Chit Snow Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။