ပရိတ်သတ်ကြီးရေ မိတ်ကပ်လောကမှာ ဆရာတစ်ဆူအဖြစ်ရပ်တည်နေကြတဲ့ ခင်စန်းဝင်း၊သုသု၊ လင်းလင်းနဲ့ မထက်တို့စတဲ့ မိတ်ကပ်ပညာရှင်တို့ကိုသိကြမယ်ထင်ပါတယ်နော်။ မိတ်ကယ်လောကမှာ အောင်မြင်ရုံတင်မက ကိုယ်ပိုင်စီးပွားရေးအသီးသီးကို ဦးဆောင်နိုင်သူတွေလည်းဖြစ်ပါတယ်။ သူမတို့လေးယောက်ဟာဆိုရင်လုပ်ငန်းတူတွေကိုလုပ်ကိုင်နေကြတယ်ဆိုပင်မဲ့ တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်မရှိပဲ ချစ်ချစ်ခင်ခင်တစ်ဦးနဲ့တစ်ဦးဖေးမကူညီပြီးလုပ်ကိုင်နေတာကို ပရိသတ်ကြီးအနေနဲ့ ဂုဏ်ယူအားပေးကြရမှာဖြစ်ပါတယ်။

မိတ်ကပ်ပညာရှင်တွေဖြစ်ကြတဲ့သူမတို့လေးယောက်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ " ကျားကျားကြိုက်ကြိုက် " ရုပ်ရှင်ဇာတ်ကားကြီးကို ငပလီကမ်းခြေမှာ ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းမော်ကွန်း၊ မြင့်မြတ်၊ တက္ကသိုလ်ဂွမ်းပုံ ၊ ထက်ထက်ထွန်းတို့နဲ့အတူ သုသု၊ မထက်၊ လင်းလင်း ၊ ခင်စန်းဝင်းတို့ အတူတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်ကြီးတို့ကလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

မထက်ကတော့ ပရိသတ်ကြီးနဲ့အမြဲအဆက်အသွယ်မပြတ်ရအောင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု စတာတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် အမြဲတင်ဆက်ဖော်ပြပေးနေတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ ချစ်သူငယ်ချင်းတွေနဲ့အတူ၊ အနုပညာမောင်နှမတွေ၊ ရိုက်ကွင်းပေါ်က ပုံရိပ်များကို အမှတ်တရအနေနဲ့ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို "ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ရိုက်ကူးရေးအတွက် ငပလီကို၅ရက်ကြာပျော်ရွှင်စွာရောက်ရှိရိုက်ကူးခွင့်ရလို့ အရမ်းပျော်ခဲ့ရတယ်..... ချစ်ခင်ရတဲ့သူတွေရော သိကျွမ်းခင်မင်ခွင့်ရတဲ့သူတွေနဲ့ရော တွေ့ဆုံခွင့်ရတဲ့ အထူးခရီးစဉ်လေးတခုလိုပါဘဲ" ဆိုတဲ့ စာသားလေးနဲ့တူဖော်ပြပေးထားတာကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Htet Htet Htet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။