အနုပညာလောကမှာ အောင်မြင်မှုတွေပိုင်ဆိုင်ထားပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ချစ်စနိုးဦးကတော့ ငယ်ငယ်ကတည်းက ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး စိတ်ထားကောင်းတဲ့ သူမက ယခုလက်ရှိမှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်တဲ့ အနုပညာရှင်ဖြစ်ပါတယ်။


လက်ရှိမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးမှာ ချစ်ရသူနဲ့ အတူ ကြည်နူးစရာကောင်းတဲ့ relationshipလေးကို တည်ဆောက်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လတ်တလော အနုပညာလုှပ်ရှားမှုတွေ အနေနဲ့ ကြော်ငြာ မဂ္ဂဇင်း တွေကို လက်ခံရိုက်ကူးပေးလျက်ရှိပြီး အနုပညာအလုပ်တွေကို အေးဆေးစွာလုပ်ကိုင်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ယခုလည်း တစ်ချိန်က ပရိသတ်တွေ အရမ်းကို ကြိုက်ခဲ့တဲ့ မင်းသမီးချစ်စနိုးဦးရဲ့ နုပျိုလှပနေဆဲဖြစ်တဲ့ အလှတွေကို ပြန်လည် မြင်တွေ့ရမှာဖြစ်ပါတယ်။ ချစ်စနိုးဦးရဲ့ မဂ္ဂဇင်းတစ်ခုအတွက် ရိုက်ကူးပေးထားတဲ့ ရှေးယခင်က မိန်းမပျိုလေးတစ်ယောက်အသွင်နဲ့ အရမ်းကို ကျက်သရေရှိပြီးလှနေတဲ့ ပုံရိပ်လေးတွေကို ချစ်စနိုးဦးရဲ့ ချစ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

Source: Chit Snow Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။