ယနေ့မနက်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဦးကင်းကောင် ကတော့ သူချစ်ရတဲ့ ပရိသတ်တွေနဲ့ မိသားစုတွေကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ အသက်(၅၅)နှစ်သာ ရှိသေးတဲ့ ဦးကင်းက ကျန်းမာရေးအခြေအနေဆိုးရွားမှုတစ်ခုကြောင့် ယခင်က ဆေးရုံတက်ခဲ့ရပေမယ့် ပြန်လည်ကျန်းမာလာခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိတာကို လည်းတွေ့မြင်ရမှာပါ။

ဒီနေ့ မနက်ပိုင်းမှာတော့ ပုပ္ပါးမှာရိုက်ကူးရေးလုပ်ရင်း ရုတ်တရက် အမောဖောက်ခါ သေဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုသတင်းကြောင့် အနုပညာညီအကို မောင်နှမတွေအားလုံး ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး ဆို့နင့်စွာခံစားခဲ့ကြရပါတယ်။ နောက်ဆုံးအချိန်ထိ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ဖို့ အတွက် ဇာတ်ကားတွေရိုက်ကူးရင်း သူ့သေရမှာကိုယ်တောင် သိရှာမှာ မဟုတ်ပါဘူး။

ဦးကင်းကောင် ကွယ်လွန်သွားတာကို ကြားသိရတဲ့ ပရဟိတ မင်းသားကြီးဖြစ်တဲ့ ဦးကျော်သူကတော့ ဦးကင်းအတွက် အမျှဝေပေးရင်း ဆုတောင်းမေတ္တာတွေကို ပို့သပေးခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဦးကင်းရဲ့ ပရိသတ်တွေကလည်း ဆုတောင်းမေတ္တာတွေပို့သရင်း ဝမ်းနည်းကြေကွဲနေကြပါတယ်။ ဦးကင်းကောင်ရဲ့ နောက်ဆုံးထွက်သက်လေးမှာ ဘယ်လောက်ခံစားခဲ့ရမယ်ဆိုတာ အသက်မရှိတော့တဲ့ ဦးကင်းရဲ့ ရုပ်ကလာပ်မှာ အတိုင်းသာမြင်တွေ့နေရလို့ တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။

Source: Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။