ပရိသတ်ကြီးရ အခုလတ်တလောမှာနာမည်ကြီးလူကြိုက်များလာတဲ့ မင်းသာချောလေး ခါရာကိုသိကြမယ်ထင်ပါတယ်နော်။ နိုင်ငံတကာစံချိန်မှီတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် action မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလောကထဲကို ခြေချဝင်ရောက်လိုက်တာ အချိန်ကာလအားဖြင့် မကြားသေးပင်မဲ့ သဘာဝကျကျ သရုပ်ဆောင်ပီပြင်မှုကြောင့် အချိန်တိုအတွင်းမှာပဲ ပရိသတ်အများရဲ့ တစ်ခဲနက်အားပေးမှုကိုလက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

gym ကို အချိန်ပေးပြီး ပုံမှန်စနစ်တကျနဲ့ ကစားတဲ့ ခါရာဟာ တစ်ကယ့်ကို နိုင်ငံခြားမင်းသားနဲ့တန်းတူ အရေအချင်းပြည့်စုံတာပဲဖြစ်ပါတယ်။ ကိုးရီးယားမင်းသားတစ်ယောက်လို နုပျိုတဲ့ မျက်နှာအနေအထားရှိပင်မဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားတွေကိုပဲ အဓိကထားရိုက်ကူးလာတာကြောင့်ပရိသတ်တို့ရဲ့ အမြင်မှာတစ်မျိုးဆန်းပြီး အားပေးမှုတွေများပြားလာတာဖြစ်ပါတယ်။ ရဲနောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ "မနေ့ကဖြစ်သည် ၂"Mrtv-4 ရုပ်သံဇာတ်လမ်းတွဲမှာလူသိများခဲ့တာဖြစ်ပြီး "အဆိပ်ရှိလူရိုင်း"ရုပ်ရှင်ဇာတ်ကားကြီးထဲမှလည်း သဘာဝကျကျ သရုပ်ဆောင်ခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် "မြို့ပြမုဆိုးများ"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် သူရဲ့ လှုပ်ရှားမှုတွေကို အမြဲတင်ဆက်ဖော်ပြပေးနေတဲ့ ခါရာကတော့ အခုတစ်ခါမှာဆိုရင်လည်း ချောင်းသာကမ်းခြေကို အပန်းဖြေရောက်ရှိနေတာဖြစ်ပါတယ်။ သူရဲ့ official facebook acc တွင် "ပင်လယ်ကြီးက ကျွန်တော့်အတွက် စိတ်ထွက်ပေါက်တစ်ခုပါ ... လှိုင်းသံတွေက ကျွန်တော့်ဝိညာဉ် နဲ့စကားပြောနေတယ် ...သန္တာကျောက်တန်းတွေက ကျွန်တော့်စိတ်ကို ပိုသန်မာလာအောင် သင်ပေးတယ် ... ပြီးတော့ အဆုံးသတ်တိုင်းမှာ လှပမှုတွေရှိတယ်ဆိုတာကို နေဝင်ဆည်းဆာရဲ့ အလှတရားတွေက သက်သေပြနေပြန်ရော ..." ဆိုတဲ့စာသားအချို့နဲ့အတူ မိန်းကလေးပရိသတ်တို့ရဲ့စွဲမက်စေလောက်တဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Myo Htut Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။