မြန်မာ့နည်းပညာလောကအတွက် အတတ်ပညာရှင်များစွာကို နှစ်စဉ်မွေးထုတ်ပေးတဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၉ ခုနှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲကို OPPO myanmar မှ ဂုဏ်ယူ ဝမ်းမြောက်စွာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီ လ (၁၅) ရက် နှင့် (၁၆) ရက်နေ့များတွင် မိခင်တက္ကသိုလ် ကျောင်းတော်ကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

OPPO Myanmar ကုမ္ပဏီကတော့ OPPO F Series နောက်ဆုံးထွက် New Year Special Edition Jade Green ပရိုမိုးရှင်းအတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ရဲ့ ၂၀၁၉ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို Diamond Sponsor အဖြစ်ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။ 

ဇန်နဝါရီလ (၅) ရက်နေ့မှာ OPPO Myanmar ရဲ့ ၅ မိနစ်အားသွင်း ၂ နာရီဖုန်းပြော VOOC အားမြန်သွင်းစနစ် F9 Series မှ New year Edition ဖြစ်ပြီး 25MP AI ရှေ့ကင်မရာနှင့် 16MP +2MP နောက်ကင်မရာ ၂လုံးတို့ ပါဝင်တဲ့ အဖြူ နှင့်ကျောက်စိမ်း နှစ်ရောင်စပ် Jade Green အရောင်သစ် စမတ်ဖုန်းကို OPPO Myanmar မှ (၄၁၉,၉၀၀)ကျပ်ဖြင့် စတင်းရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ 

OPPO Myanmar မှ ၂၀၁၉ ခုနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ လာရောက်တဲ့ကျောင်းသားကျောင်းသူ များကိုအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့တဲ့အပြင် OPPO Photo Booth များတွင် ဓာတ်ပုံရိုက်ခြင်း OPPO ရဲ့ Facebook စာမျက်နှာပေါ်မှာ ဓာတ်ပုံများတင်ခြင်း အပြင် F9 Jade Green စမတ်ဖုန်း ဆုလက်ဆောင် ပေးအပ်သည့် ပျော်ရွင်ဖွယ် အစီစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ပြီးတော့ အဆိုပါပွဲမှာ ပြည်သူချစ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ ရဲလေး၊ X box၊ Project K၊ ပိုပိုဟေသာ၊ ဂျိုကာ စတဲ့ အနုပညာရှင်များက ဖျော် ဖြေတင်ဆက်မှုများ ကျောင်းသူကျောင်းသားသစ်များထဲမှ King & Queen ရွေးချယ်ခြင်းအပြင် ထူးချွန်ကျောင်း သား ကျောင်းသူများအား ဆုများပေးအပ်ကာ သီးချင်း၊ အကပြဇာတ်များနဲ့ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်ခဲ့ ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။