မော်ဒယ်သရုပ်ဆောင် မြတ်ရတနာကျော်တစ်ယောက် သူမရဲ့ ရင်ခုန်ချင်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးထံဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ပန်းဆီရောင်ဝတ်စုံလေးနဲ့ သူမလေးက အရမ်းကိုလှပလွန်းနေပါတယ်။ အဆိုတော် Ah Boy နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စဖွယ်သမီးလေးကိုလည်း ပိုင်ဆိုင်ထားပေးသေးတယ်။ ဒီကနေ့မှာတော့ သူမရဲ့အသက် 24 နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း Channel အိတ်တစ်လုံးလက်ေ်ဆာင်ပေးခဲ့ပါသေးတယ်။

ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ သူမကအရမ်းကိုကျေနပ်ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှဆိုတဲ့အတိုင်း သူမက ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိအောင် အရမ်းကိုလှသွေးကြွယ်လွန်းနေပါတယ်။ ပန်းဆီရောင်ဂါဝန်ရှည်လေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက ကလေးလေးတစ်ယောက်လို အပြစ်ကင်းဖြူစင်လွန်းနေပါတယ်။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို " Thank you,God for blessing me with another wonderful year Officially 24 " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အရမ်းကိုလှသွေးကြွယ်နေသူလေး မြတ်ရတနာကျော်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Myat Yadanar Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။