မတ်လ ၁၈ ရက်နေ့က ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာရှိ ကျိုက္ကသာမြို့ဟောင်းအတွင်းက ပိုချေတစ်ထောင် ရန်မျိုးအောင်စေတီအနီး ရွှေပေါ်ထွန်း ရေလယ်ကျွန်း၌ ကားလမ်းဖောက်ရန်အတွက် ကိုဇာနည် မသန္တာ တို့ပိုင်သော မြေကုန်းအား လှူပေးခဲ့ရာ လမ်းဖောက်ရန် ကုန်းအားတူးဖော်ရာတွင် အိုးအပြည့်ရွှေပြားများ တူးဖော်ရရှိခဲ့ပါတယ် ။ 

ထိုအလေးချိန် တစ်ပိသာ ၂၀ ခန့်ရှိသော ရွှေပြားများပါရှိသည့်အိုးအား တူးဖော်ရင်းတွေ့သောသူများမှ မြေပိုင်ရှင်ကို ပြန်လည်အပ်နှံပြီး ၎င်းတို့ရရှိသော ရွှေပြားများအား နေပြည်တော်ရှိရှေ့ဟောင်းယဉ်ကျေးမှုနိုင်ငံတော်သို့အပ်နှင်းမယ်လို့ သတင်းရရှိပါတယ် ။ ကျိုက္ကသာမြို့ဟောင်းသည် ရှေးခေတ်လူများမြုပ်နှံခဲ့သော ရွှေဒင်္ဂါးငွေဒင်္ဂါးများ ခနခန ထွက်ပေါ်ရာအရပ်လည်းဖြစ်ပါတယ် ။ လှုပြီးသားမြေပေါ်ကတွေ့တာတောင် ပိုင်ရှင်ပြန်အပ်တဲ့ ကျိုက္ကသာသူ ကျိုက္ကသာသားတွေရဲ့ လောဘကင်းတဲ့ စိတ်ဓါတ်ကတော့ ချီးကျူးစရာပါပဲ ။

Source - အရှင်ပညာစက္က

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။