ပြင်သစ်နိုင်ငံသား ရွက်လှေသမား ယန်ဂီရှာ့နဲ့ သူ့ရဲ့အဖွဲ့ကတော့ စံချိန်သစ်တခုကိုတင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

သူတို့အဖွဲ့ကတော့ အီကွေတာကို တပတ်ပတ်နိုင်ခဲ့တဲ့ ရွက်လှေအဖွဲ့အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။  

သူတို့အဖွဲ့ကတော့ ပြီးခဲ့ဲတဲ့ဇန်နဝါရီလ ၁၆ ရက်နေ့မှာစတင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ရှောင့်ကျွန်းကနေ စတင်ထွက်ခွာပြီး အီကွေတာကိုပတ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ယန်ဂီရှာ့ဟာဆိုရင်လည်း “ကျနော်တို့ မထွက်ခင်က အီကွေတာကို ၅ ရက် ဒါမှမဟုတ် ၅ ရက်အောက်လျော့ ပတ်မယ်ဆိုပြီး တွက်ထားတာပါ။ ကျနော်တို့ ၄ ရက် နာရီ ၂၀ နဲ့ လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ၃ နှစ်က စံချိန်ထက် ၂ နာရီနီးပါး လျော့ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ဒါက မလွယ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်က လမ်းမှာ စက်တခါပဲ ပျက်တယ်။ ဒီတခေါက်တော့ ဆယ်ခါပျက်တယ်။ ကျနော်တို့ လှေကို ခဲရာခဲဆစ် တွန်းပြီးတော့မှ အားလုံး အဆင်ပြေသွားတာပါ “ လို့ပြောကြားခဲ့ပါတယ်။

အခုလို စံချိန်သစ်တင်နိုင်ခဲ့တဲ့ သူတို့အဖွဲ့ကတော့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သူတို့ရဲ့ရွက်လှေ Spindrift ပေါ်မှာ အောင်ပွဲခဲ့ပြီးပျော်ရွှင်နေခဲ့ကြတယ်လို့ သိရပါတယ်။  

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။