တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် နဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် တရုတ်-ကမ္ဘောဒီးယား အပြန်အလှန်ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဘေကျင်းကို ရောက်ရှိနေရာကနေ အခုလိုတွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ 

ဟွန်ဆန်ရဲ့ ယခုခရီးစဉ်အတွင်းမှာတော့ ဇန်နဝါရီလ ၂၂ ရက် တနေ့လုံး တရုတ်ဝန်ကြီးချုပ် လီခါ့ချိန်အပါအဝင် တခြားအကြီးတန်း တရုတန်နိုင်ငံရေးသမားတွေ တော်တေ်ာများများနဲ့ တွေ့ဆုံဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ စုစုပေါင်းလေးရက်ကြာမြင့်မှာဖြစ်ပြီး တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဆက်ဆံရေးအဆင်ပြေစေဖို့အတွက် ဒီခရီးစဉ်ကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံ ကမ္ဘောဒီးယားနဲ့ ဆက်ဆံရေးအဆင်မပြေခဲ့တာ ကြာပြီဖြစ်သလို ယခုတွေ့ဆုံမှုကနေတစ်ဆင့် ဆက်ဆံရေးပြန်အဆင်ပြေလာဖို့ မျှောင်လင့်ရတယ်လို့သိရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။