လူမှုကွန်ယက်ပေါ်မှာတော့ လူတစ်ယောက်နဲ့တစ်ယောက် body shaming ပြုလုပ်ကြတဲ့သူတွေ များစွာကိုတွေ့မြင်နေရပါတယ်။

အရမ်းဝနေရင်လည်း ဝတယ်ဆိုပြီး blame ကြသလို အရမ်းပိန်နေရင်လည်း ပိန်လို့ဆိုပြီး ဝိုင်း blame နေကြတာက ခံရတဲ့သူတွေအဖို့တော့ အားမတက်စေတဲ့အပြင် လူတွေနဲ့အဆက်အဆံပြုလုပ်ရမှာကိုတောင် ကြောက်ရွံ့သွားစေလောက်ပါတယ်။

သို့ပေမယ့် လူအများရဲ့ ပြစ်တင်ပြောဆိုမှုကိုခံရလေလေ ကြိုးစားချင်တဲ့စိတ်တွေပိုမိုပေါက်လာပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို အပြောင်းလဲပြီးပြောင်းလဲလိုက်ကြတဲ့ သူတွေလည်းရှိကြပါတယ်။

ထိုသူတွေထဲမှာမှ Mhairi Stewart လို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာဆိုရင်လည်း လူအများအံသြသွားရလောက်အောင်ကို သူမရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲပြခဲ့ပါတယ်။

သူမဟာ ရောဂါတခုကြောင့် ခန္ဓာကိုယ်ဟာ အရိုးပေါ်အရေတင်ဖြစ်ခဲ့ရသလို တွေ့တဲ့လူတိုင်းကလည်း ပိန်လိုက်တာ ပိန်လိုက်တာ ဆိုတဲ့စကားတွေကြောင့် စိတ်ပိုင်းဆိုင်ရာပါ အနည်းငယ်ထိခိုက်ခဲ့ရသူတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမရဲ့စိတ်ဓာတ်ကိုပြန်လည်မြှင့်တင်ပြီး ဆေးဝါးကုသမှုတွေကိုလည်း ပြုလုပ်ခဲ့သလို သူမရဲ့ personal trainer နဲ့အတူ ကြိုးစားပြီး လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပါတယ်။

သူမဟာ အစားအစာကိုလည်း သေချာဂရုတစိုက်စားသုံးခဲ့ပြီး နောက်ဆုံးမှာတော့ သူမဟာ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ကနေ အခုလိုလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့လည်း အရမ်းပိန်နေလို့ဆိုပြီး စိတ်ဓာတ်မကြနေကြနဲ့ဦးနော် ၊ အဓီကကစိတ်ဓာတ်မာမာနဲ့ ကြိုးစားလိုက်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။

source _ Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။