MRTV4 မင်းသမီးချောလေး ခြူးကတော့ ချစ်စရာကောင်းတဲ့အပြုံးလေတွေ ဟန်ဆောင်မှုမရှိတဲ့ အပြုအမှုလေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေသူလေးပဲဖြစ်ပါတယ် ခြူးလေးကတော့ ရွှေဖူးစာဆုံရာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထာပြီး အဆိုပါဇာတ်လမ်းတွဲလေးဟာ ပရိသတ်တွေကြားမှာရေပန်းစားနေခဲ့ပါတယ်။ 

ခြူးလေးကတော့ အသံပါရမီရှိသူလေးဖြစ်ရာသရုပ်ဆောင်ဘက်တွင် ထူးချွန်ရုံသာမက အဆိုပိုင်းတွေလဲ ပိုင်နိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်လွန်းတဲ့ခြူးလေးကတော့ ယနေ့မှာပရိသတ်တွေဆီကနေ သူမအရပ်ထက်ပိုမြင့်တဲက အရုပ်ကြီးနဲ့ တစ်ခြားလက်ဆောင်တေါရရှိခဲ့ပါတယ်။  

ခြူးလေးကတော့ " မနေ့က အခန်းကိုရောက်လာတဲ့ မောင်မောင်လေး ဒီလ အရမ်း ကံကောင်း လက်ဆောင်တွေခဏခဏရတယ်ချော့ကလက်လည်း စားရတယ် ကိုယ့်ဝီဝီတွေရဲ့ အစွမ်း အံ့မခမ် " ဆိုပြီးရေးသားထားပါတယ်။ ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေပေးတဲ့လက်ဆောင်လေးကြောင့် ပျော်နေတဲ့ ခြူးလေးရဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: ခြူးလေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။