မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ သက်မွန်မြင့်မှ ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

"ချစ်လှစွာသော အမုန်း" ဇာတ်ကားနဲ့ ဆုရရှိခဲ့တာဖြစ်ပြီး ယင်းဇာတ်ကား ရုံစတင်ပြသကတည်းကပင် ပရိသတ်များကြား အားပေးမှု များပြားခဲ့ပြီး အဓိက ခေါင်းဆောင်မင်းသမီးနှစ်လက်ဖြစ်တဲ့ ချစ်သက် နဲ့ ကစ်ကစ်တို့ ကို အကယ်ဒမီ မှန်းထားခဲ့ကြပါတယ်။

မိမိနဲ့ အသက် မတိမ်းမယိမ်း ကောင်မလေးတစ်ယောက်ကို မိခင်တော်စပ်လိုက်ရပြီး မိမိတစ်ဖက်သက်ချစ်နေရသူက ထိုမိန်းကလေးကို ချစ်ကြိုက်နေကာ မိန်းကလေးဣန္ဒြေကို ထိန်းပြီး သဏ္ဍာန်လုပ်သရုပ်ဆောင်ခဲ့တဲ့ မိုးစက်မေ အဖြစ် သက်မွန်မြင့်

အချစ်ဆိုတာကို မသိခဲ့ဘဲ အဖေအရွယ်လူတစ်နဲ့ အကြောင်းပါခဲ့ပြီးမှ အချစ်ဆိုတာကို နားလည်မြည်းစမ်းခွင့် ရခဲ့သူ ကိုယ်ချစ်မိနေသူဟာ ကိုယ့်အပေါ်အရမ်းကောင်းတဲ့ မမမေ တစ်ဖက်သက် ကြိုက်နေရတဲ့သူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ချစ်လျက်နဲ့ နောက်ဆုတ်ပေးခဲ့သူ အမုန်း ကစ်ကစ်

တို့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြား အကယ်ဒမီဇာတ်ဆောင် ဆုအတွက် အပြိုင်ရင်ခုန်ခဲ့ကြရပါတယ်။

အကယ်ဒမီဆုကိုတော့ သက်မွန်မြင့်က ရရှိခဲ့ပြီး ဆုကြေငြာချင်းမှာပဲ ဝတ်မှုန်ရွှေရည်ဟာ နေရာက ထပြီး သက်မွန်မြင့်ဆီ အပြေးသွားပြီး အနမ်းလေးတစ်ပွင့် လက်ဆောင်ပေးခဲ့တဲ့ ဓာတ်ပုံဟာ လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့နေပြီး မမမေ နဲ့ အမုန်းလို ချစ်သက် နဲ့ ကစ် အပြင်မှာ တကယ်ကို နွေးထွေးချစ်ခင်စွာ တွေ့လိုက်ရတဲ့ အတွက် နှစ်ဖက်ပရိသတ်ကြား ပေါင်းကူးတံတားသဖွယ်ဖြစ်သွားပြီး ကောင်းချီးစကားသံတွေ ညံနေပါတယ် ပရိသတ်ကြီးရေ………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။