ဂျူပင်တပ်စ်အသင်းတိုက်စစ်မှူးစီရော်နယ်ဒိုသည် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းတွင် ကစားခဲ့စဉ်က ဝင်ငွေအခွန်တိမ်းရှောင်မှုဖြင့် အမှုရင်ဆိုင်နေရပြီး သူဟာယနေ့တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ရောက်ရှိကာ တရားရုံးချုပ်တွင် အမှုစစ်ဆေးခံခဲ့တာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းတွင်ကစားစဉ်က ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း ဝင်ငွေအခွန်ရှောင်တိမ်းခဲ့ကြောင်း စပိန်အခွန်ဝန်ကြီးဌာနရဲ့တရားစွဲဆိုမှုကို လက်ခံခဲ့ပြီး တရားရုံးချုပ်ရဲ့ထောင်ဒဏ်၂၃လ ပြစ်ဒဏ်ကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။  

စီရော်နယ်ဒိုဟာ ၂၀၁၇ ခုနှစ်တွင် အမှုစတင်ရင်ဆိုင်ခဲ့စဉ်က အခွန်တိမ်းရှောင်ခြင်းမရှိခဲ့ကြောင်းပြေကြားခဲ့သော်လည်း သူ့အနေဖြင့် စပိန်အခွန်ဝန်ကြီးဌာနရဲ့စွဲချက်ကို ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ်၂၃လပြစ်ဒဏ်ကိုခံယူသွားမှာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ထောင်အတွင်းနေထိုင်သွားမှာ မဟုတ်ပဲ ဥပဒေစည်းမျဉ်းအရ ထောင်ဒဏ်ပြစ်ဒဏ်အစား ဒဏ်ကြေးငွေသာပေးဆောင်သွားမည်ဖြစ်ပြီး ယူရို၁၉ သန်းခန့် အထိ ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ အမှုကိစ္စကိုပြီးစီးလိုသည့်အတွက် စွဲချက်ကိုဝန်ခံကာဒဏ်ကြေးငွေကိုလည်း သတ်မှတ်ကာလအတွင်း ပေးဆောင်မှာပဲ ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် ဘောလုံးသမားအများစုသည် အခွန်တိမ်းရှောင်မှုဖြင့် ထောင်ဒဏ်ပြစ်ဒဏ်နှင့်ရင်ဆိုင်ခဲ့ရပြီး စီရော်နယ်ဒိုမတိုင်ခင် ထောင်ဒဏ်ပြစ်ဒဏ်နှင့်ရင်ဆိုင်ခဲ့ရတဲ့ကစားသမားများမှာ မက်ဆီ၊ မာဆေးယာနို၊ ဆန်းချက် ၊ ကာဗယ်ဟို ၊ ဒီမာရီယာ ၊ ဖယ်လ်ကာအိုနှင့် ကွန်ထရာအိုတို့လည်း ထောင်ဒဏ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Source - NBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။