မေမေအူဝဲကတော့ ကလေးနှစ်ယောက်မိခင်ဖြစ်နေတာတောင် ပြေတီဦးနဲ့ဆိုရင်တော့ ကလေးလေးလိုပဲဆိုတာ

"EMPORIO ARMANI" ဆိုင်ဖွင့်ပွဲကဓါတ်ပုံတွေကိုကြည့်ရင်သိနိုင်ပါတယ် ။

အဆိုပါ ဆိုင်ဖွင့်ပွဲကို ပြေတီဦးတို့ဇနီးမောင်နှံနှင့်အတူ နေတိုး ၊ နိုင်းနိုင်း ၊ ဇွဲပြည့် နဲ့ အခြားအနုပညာရှင်များတတ်ရောက်ခဲ့ကြတာပါ ။

အနက်ရောင်ဆင်တူကို ဖက်ရှင်ကျအောင်ဝတ်ထားတဲ့ ပြေတီဦးနဲ့ အူဝဲကတော့ ချစ်စကြင်စချစ်သူရည်းစားတွေလို အနားကမခွာပဲအတူတူရှိနေကြပါတယ် ။

ထုံးစံအတိုင်း လုံလုံခြုံခြုံလေးနဲ့လှပနေတဲ့ အူဝဲက ဘော်ကြယ်ခါးတိုအနက်လေးနဲ့ ဘောင်းဘီရှည်လေးဝတ်ပြီး ကျော့ရှင်းနေပါတယ် ။ အခြားအနုပညာရှင်များနဲ့

အမှတ်တရ ဓါတ်ပုံရိုက်တဲ့ အခါ လက်လေးတွဲပြီးခင်ပွန်းအနားကပ်နေတဲ့ အူဝဲက ကလေးလေးလိုချစ်ဖို့ကောင်းနေတော့တာပါ ။ ဓါတ်ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်

Source : eaindra kyaw zin page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။