ယုန်လေးနဲ့ မြင့်မြတ်ဟာ ညီအကိုလိုရင်းနှီးတဲ့သူငယ်ချင်းတွေပါ ။

ရုပ်ရှင်ဇာတ်ကားတွေမှာ လိုက်ဖက်ညီညီသရုပ်ဆောင်ရုံတင်မက

အပြင်မှာပါတစ်တွဲတွဲတွေ့ရတဲ့ လိုက်ဖက်ညီတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ် ။

ဇာတ်ရုပ်အစုံကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သဘာဝမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်ဟာ

အကယ်ဒမီအတွက် တစ်ပြေးနေပေမယ့် ဆုနဲ့လွဲခဲ့ရတာနဲ့ပါတ်သတ်ပြီး

စိတ်မကောင်းဖြစ်နေတဲ့ ပရိတ်သတ်တွေ အများကြီးရှိနေတာမို့

ယုန်လေးက ပရိတ်သတ်တွေအတွက်အားပေးစကားဆိုလိုက်တာပါ ။

" ကျွန်တော်တို့ အားလုံးက သူငယ်ချင်းထက်ပိုရင်းတဲ့

ညီအစ်ကိုတွေပါ .

မြင့်မြတ် စိတ်ဓာတ်ဘယ်လောက်ရှင်းလဲ ဆိုတာ

သူကိုလဲ ခိုးဆိုးလုနှိုက်နဲ့ အားလုံးရစေချင်တာ ရမယ်ထင်တာ .

အမျိုးသား ဇာတ်ဆောင်ဆု ထွန်းထွန်းလည်းဆိုရော ကျွန်တော်ရယ် မြင့်မြတ်ရယ်

နှစ်ယောက် အရင်ထအော်ပြီး ထွန်းထွန်းစီသွားတာ ကျွန်တော်က ဘယ်သူရရ

အရင်းဆုံးနှစ်ယောက် ဆိုတော့ပျော်ပြီးသားပါ.

မြင့်မြတ်စိတ်ရှင်းတာပြောတာပါ အရင်ထအော်တာ ကိုထွန်းဟေ့ ဆိုပြီး . .

ကျွန်တော်က မြင့်မြတ် အတွက်ကစိတ်ကိုမပူတာ

၂၀၁၇ ၂၀၁၈ မြင့်မြတ်ကားတွေကြီးပဲ ပြီးတော့ အိုက်တင်ကို ကြက်ကန်းတိုးပြီး

ကောင်းတဲ့ကောင်မှမဟုတ်ပါ အချစ် အလွှမ်း ဟာသ အက်ရှင် ပရမ်းပတာပါဟယ်

haa haa haa အကုန်ရတာကို . 2017 2018 ထဲမှာ

Orignal Gangster ဇာတ်ကားတွေလည်း အပါအဝင်ပေါ့.

အားလုံးကျေနပ်မယ်လည်း ထင်ပါတယ်။

ထွန်းထွန်းကလည်း ရသင့်တဲ့ သူတစ်ယောက်ဖြစ်လို့ .

ကျွန်တော်ရော မြင့်မြတ်ရောပျော်ပါတယ်။

ထွန်းထွန်းကလည်း ၂၀၁၇ ကျရင် မြင့်မြတ်အတွက်

ကြိုရင်ခုန်ထားမယ်လို့ ပြောပါတယ် . . . .

အားလုံး Peace . .

စကားမစပ် မြင့်မြတ်ပုံ နဲ့ နံရံပေါ်က

Mandalay Graffiti ကတော့ စောက်ရမ်းမိုက် "

ဆိုပြီး မြင့်မြတ်ရဲ့ ရှင်းလင်းတဲ့ သဘောထားလေးကို ပြောပြသွားပါတယ် ။

ထွန်းထွန်းကလဲ သူတို့ရဲ့ သူငယ်ချင်းတစ်ယောက်ပဲမို့

ထွန်းထွန်း ဆုရတာကိုလဲ သူတို့နှစ်ယောက်က ပျော်နေတာပါတဲ့ ။

ထွန်းထွန်းကလဲ ရှေ ့နှစ်ရဲ့ အကယ်ဒမီဟာ မြင့်မြတ်အတွက်လို့ယုံကြည်တာမို့ရင်ခုန်နေပါမယ်တဲ့

တကယ့်ဘော်ဒါတွေဆိုတာ ဒီလိုမျိုးဖြစ်နေရမှာ ... လေးစားမိပါတယ် ...

မြင့်မြတ်ကို အားပေးရင် သူများတွေလဲသိအောင် Share ပေးသွားပါဦးနော် ... 

Source : yone lay

မြင့်မြတ်တို့မိသားစုလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။