မန်ယူအသင်းတွင် ကစားခဲ့တာ ၁၂လသက်တမ်းရှိပြီဖြစ်သော ချီလီတိုက်စစ်မှူးဆန်းချက်ဇ်သည် ထို ၁၂ လအတွင်းမန်ယူအတွက် လေးဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပေးထားရသောငွေကြေးပမာဏနှင့်တွက်လျှင် တစ်ဂိုးကို ပေါင် ၆ သန်းနှုန်းျပးထားရတာကြောင်း Daily Mail မှသုံးသပ်ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလဈေးကွက်တွင် မန်စီးတီးအသင်းသည် အာဆင်နယ်မှ ဆန်းချက်ဇ်ကိုခေါ်ယူရရှိနိုင်ရန် အနီးစပ်ဆုံးအနေအထားရောက်နေသည်ကြားကမန်ယူအသင်းက ကြားဖြတ်ကာ ပေါင် ၃၅ သန်းတန်သော ကွင်းလယ်ကစားသမား အာခီတာယန်ကိုအာဆင်နယ်ထံ စေလွှတ်ပေးခဲ့ပြီး ဆန်းချက်ဇ်အတွက် တစ်ရာသီပေါင် အနည်းဆုံး ၂၅ သန်းအထက် ပေးမည်ဆိုသော သဘောတူညီချက်ဖြင့် ခေါ်ယူခဲ့ခြင်းကြောင့် မန်စီးတီးအသင်း လက်လျော့သွားခဲ့ရခြင်း ဖြစ်ပါတယ်။ 

ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက် ၁၂ လတာကာလအတွင်း လေးဂိုးသာသွင်းနိုင်ပြီး ၃၂ ပွဲသာကစားထားခြင်းကြောင့် တစ်ပွဲ ပွဲထွက်ခွင့် ပေါင် ၇၅၀၀၀ ဆိုသည့်သဘောတူညီချက်မှ ပေါင် ၁ ဒသမ ၉၅ သန်း ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ တစ်ပတ်အခြေခံလစာပေါင် ၃၉၁၀၀၀ နှင့်ပေါင်းလျှင်ဆန်းချက်ဇ်အတွက် မန်ယူပေးထားရသောငွေနှင့် သွင်းဂိုးအချိုးချပါက တစ်ဂိုးပေါင် ၆ သန်းအထိပေးထားရကြောင်း Daily Mail က သုံးသပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်တွင် တစ်ပွဲတစ်ဂိုးနှုန်းသွင်းနိုင်ခဲ့သည့် ဆန်းချက်ဇ်သည်မန်ယူတွင် ရှစ်ပွဲကစားမှ တစ်ဂိုးနှုန်းသွင်းနိုင်ခဲ့သလို ပွဲချိန်ပြည့်ကစားခဲ့ရသောပွဲဆို၍ လည်း တစ်ပွဲသာရှိခဲ့ခြင်းကြောင့် ဆန်းချက်ဇ်သည်မန်ယူတွင် အောင်မြင်မှုမရရှိခဲ့သော တောင်အမေရိကသားများဖြစ်သည့် ဒီမာရီယာနှင့် ဖယ်လ်ကာအိုကဲ့သို့ ကျရှုံးရဦးမည်ဟု သုံးသပ်နေကြတာပဲ ဖြစ်ပါတယ်။

သို့သော်လက်ရှိတွင် ခုနှစ်ပွဲဆက်အနိုင်ရရှိထားသော ဆိုးလ်ရှားသည် အသင်းတိုက်စစ်တွင် ရက်ရှ်ဖို့ဒ် ၊ မာရှယ် နှင့် လင်ဂတ်တို့ကို ပွဲထွက်ဦးစားပေးအဖြစ် အသုံးပြုနေခြင်းကြောင့် ဆန်းချက်ဇ်သည် လူကာကူနှင့်အတူ အရန်ကစားသမားအဖြစ်သာ လူစားဝင်ကစားခွင့်ရဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။