Gary Lineker ဟာဆိုရင် Ronaldo ကို အင်္ဂါနေ့က လေယာဉ်ပေါ်မှာ ရိုက်ထားတဲ့ ပုံကိုတင်ခဲ့တဲ့အတွက်ကြောင့် ဝေဖန်ပြောဆိုခဲ့ပါတယ်။ သူရဲ့ ပုံဟာဆိုရင် Emiliano Sala တစ်ယောက် တနင်္လာနေ့ညက Nantes ကနေ Cardiff သွားနေတုန်းမှာ သူရဲ့လေယာဉ် ပျောက်ကွယ်သွားခဲ့ပြီးတဲ့ချိန် နောက်နေ့မှာ တင်တာဆိုတော့ ဒါဟာ အများအမြင်မှာ စိတ်ခုစရာဖြစ်နေခဲ့ပါတယ်။ Sala ဟာလေယာဉ်နဲ့အတူပျောက်ကွယ်သွားခြင်းဖြစ်ကာ ခုချိန်မှာသူ့ကို သေဆုံးသွားပြီဟု ယူဆထားကြပါတယ်။ 

ရဲတွေဟာလဲ အင်္ဂါနေ့ညနေက လေယာဉ်တွေနဲ့ ရှာဖွေခြင်းကို ညနေ၅နာရီာမှာ ရပ်တန့်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မနက် မှာလေယာဉ်တွေနဲ့ထပ်မံရှာဖွေခဲ့ပါတယ်။ မနက်၇နာရီမှာဆိုရင်တော့ လေယာဉ်နှစ်စီးဟာ အကျိုးအပဲ့တွေရှာဖွေရာကနေပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေဟာလဲ အခုချိန်ထိ ဆက်လက်ရှာဖွေနေစဲပါပဲ။ Juventus ရှေ့တန်းကစားသမား လေယာဉ်နဲ့ Turin ကိုသွားနေတုန်းမှာ ဓာတ်ပုံရိုက်ခဲ့ပြီး Social Media ပေါ်တင်ခဲ့ပါတယ်။

Cardiff မြို့မှာဆိုရင်တော့ လူတွေဟာ Sala ပျောက်ဆုံးမှုနဲ့ပတ်သတ်ပြီး ဝမ်းနည်းကြေကွဲစွာ အရိုအသေပေးခဲ့ကြပါတယ်။ သူ့တို့အသင်းအတွက် တခါမှမကစားပေးခဲ့ဖူးပေမဲ့လဲ မြို့သူမြို့သားတွေဟာ ဝမ်းနည်းချင်းအထိတ်အမှတ်အနေနဲ့ အဝါရောင် ကျူလစ်ပန်းတွေကို ရုပ်ထုခြေရင်းမှာ ချပေကာ ပြန်လည်ရှာတွေပါစေဆိုပြီး ဆုတောင်းပေးနေလျက်ရှိပါတယ်။ Nata အသင်းကတော့ တစ်ချိန်က သူရဲ့အသင်းပဲဖြစ်ပြီး အဝါရောင် ကျူလစ်ပန်းတွေကတော့ Nata အသင်းရဲအရောင်ကို ကိုယ်စားပြုထားပါတယ်။

Source : Daily Mail Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။