ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ မတ်လ ၁၉ ရက်နေ့ကစတင်ဖွင့်လှစ်တဲ့ Lighting Festival ကို စိတ်ဝင်စားမှုများပြားနေကြပါတယ် ။

Lighting Festival မှာ LED မီးလုံး သန်း ၇၀ အသုံးပြု ပြီး အလှပြကွက်တွေစီစဉ်ပေးထားတာပါ ။

တရုတ်နို်င်ငံကပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ထားတာဖြစ်ပြီး ရန်ကုန်မြို့ ပြီးနောက်မှာ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ကိုပါ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ် ။

Lighting Festival သို့ဝင်ကြေး ကတော့ ၃၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက်အထိ (သင်္ကြန် ၅ ရက်ပိတ်)

ညနေ ၅ နာရီမှ ည ၁၀ အထိဖွင့်လှစ်သွားမှာဖြစ်ပါတယ် ။ ပထမဆုံးဖွင့်လှစ်တဲ့ ရက်မှာတင် လူရာချီပြီး လာရောက်

လည်ပါတ်ခဲ့တာမို့ ရန်ကုန်မြို ့ရဲ့ ထူးခြားတဲ့နေရာလေးတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ် ...

Source : 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။